မိုးညိုမြို့နယ်ထဲက ပြည်သူတွေ ဘယ်လို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်သွားမလဲ

မိုးညိုမြို့နယ်လေးဟာ သာယာဝတီခရိုင်ထဲက ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ မြို့နယ်လေးဖြစ်ပါတယ်။

ထူးခြားမှုအနေနဲ့ ရွှေတောင်၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှနဲ့ လက်ပန်းတန်းစတဲ့ မြို့နယ် ၆ ခုနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ မြို့လေးဖြစ်ပြီး၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဧရာဝတီတိုင်းထဲက အင်္ဂပူနဲ့ မြန်အောင်မြို့နယ်တွေ ထိစပ်နေတဲ့ မြို့နယ်လေး ဖြစ်ပါတယ်။

၂၀၁၉ စက်တင်ဘာလကုန်အထိ ကောက်ခံရရှိတဲ့ မိုးညိုမြို့နယ် ဒေသဆိုင်ရာ အချက်အလက်တွေအရ မြို့ပေါ် ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၃၇ စု အတွင်း လူဦးရေ ၁ သိန်း ၂ သောင်း ၇ ထောင်ခန့် မှီတင်းနေထိုင်ကြပြီး ဗမာတိုင်းရင်းသားအများစု နေထိုင်ကာ ကရင်တိုင်းရင်းသား ဒုတိယအများဆုံးနေထိုင်တယ် လို့သိရပါတယ်။

မိုးညိုမြို့နယ်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၆ ပါတီက ဝင်ရောက်ယှဉ် ပြိုင်သွားမှာဖြစ်ပြီး မဲပေးနိုင်သူ ၉ သောင်း ၂ ထောင်ကျော်ရှိပါတယ်။

အခု လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိအစိုးရကရော ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10