မိုးရွာသွန်းမှုများပြီး PDF စခန်းတခု သိန်း ၃၀ ဖိုးခန့်ဆုံးရှုံး ရိက္ခာတွေမျောပါသွားလို့ စားဖို့ခက်ခဲနေ

မိုးရွာသွန်းမှုများပြီး PDF စခန်းတခု သိန်း ၃၀ ဖိုးခန့်ဆုံးရှုံး ရိက္ခာတွေမျောပါသွားလို့ စားဖို့ခက်ခဲနေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း မိုးရွာသွန်းမှုများတာကြောင့် Snipe Rangers Force စခန်းရှိ သီးနှံစိုက်ခင်း၊ ရိက္ခာဂိုထောင်ရုံနဲ့ ခဲယမ်းတွေ ပျက်ဆီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ရဲဘော်ဆလိုင်းက ပြောပါတယ်။

အရာတော်မြို့နယ်ထဲမှာ ယမန်နေ့ ဩဂုတ် ၃ ရက် နေ့လယ် ၁၂ နာရီလောက်က စတင်မိုးရွာပြီး စခန်းအထဲကိုရေဝင် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ရာ ရိက္ခာသိုလှောင်ထားတဲ့ ဂိုထောင်ရုံ၊ သီးနှံစိုက်ပျိုးထားတဲ့ စိုက်ပျိုးခင်းတွေနဲ့ ယမ်းအိတ်တွေဆုံးရှုံးခဲ့လို့ ကာလတန်ဖိုး သိန်း ၃၀ လောက်ဆုံးရှုံးတယ်လို့ Snipe Rangers Force ရဲဘော်ဆလိုင်းက ပြောပါတယ်။

"လက်ရှိနေထိုင်ရတာကတော့ အဆင်ပြေသလိုနေရတယ်၊ မိုးရွာသွန်းတာကတော့ ရပ်သွားပါပြီ၊ ရေတွေကတော့ လာနေတုန်းပဲ" လို့ ဆက်ပြောပါတယ်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့မှာတော့ ရေပြန်ကျသွားပြီး ဆန်နဲ့ ရိက္ခာတွေ ရေတွေထဲမျောပါသွားလို့ စားဖို့အခက်ခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

Snipe Rangers  Force အဖွဲ့ဟာ ရဲဘော်ဆလိုင်း ဦးဆောင်ပြီး စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ အခြေစိုက်ကာ စစ်ကောင်စီကိုတော်လှန်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အရာတော်မြို့နယ် #PDF #ရေကြီးရေလျှံ #စားနပ်ရိက္ခာ #ဆုံးရှုံးမှု #အခက်ခဲဖြစ်နေ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10