မီတာခလိုက်ကောက်တဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရဟုဆို

မီတာခလိုက်ကောက်တဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြောင်းကြီးကျေးရွာကို မီတာခတွေ လာကောက်တဲ့စစ်အုပ်စုကို စက်မှုဇုန်အနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Buffalo Soldiers Freedom Force အဖွဲ့ဆီက သိရပါတယ်။

ယမန်နေ့ မတ်လ ၂၄ ရက်နေ့က လေ့ကျင့်ရေး ၈ ထဲက ကား ၄ စီးနဲ့ထွက်လာပြီး နေ့လည် ၂ နာရီခွဲခန့် စက်မှုဇုန်နားအရောက်မှာ အခုလိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"Center ၁ စီး Mark 2 ၁ စီး Pardo ၁ စီးတို့နဲ့ အင်အား ၂၀ လောက်ပါတယ်။ ရှေ့ထိပ်နောက်ထိပ်ကို ပါဆယ်မိုင်း ၃ လုံးစီချတာ။ မိုင်းအထုပ်မြင်လို့ ကားကိုရပ်ပြီး ကားပေါ်ကနေ လက်နက်ကိုင် ၂ ကောင်က ဆင်းလာတဲ့အချိန် ဆွဲလိုက်တာမှာ အဲဒီ ၂ ကောင်က ပွဲချင်းပြီး သေတယ်။ ကျန်တဲ့မိုင်းက ကားကိုခွဲလိုက်တာမှာ ၃ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်" လို့ Buffalo Soldiers Freedom Force က ဗိုလ်ကျွဲကြီးက ပြောပါတယ်။

မိုင်းဆွဲခံရပြီး စက်မှုဇုန်အနီးမှာ စစ်ကောင်စီတပ်သားတွေက သေနတ်တွေ ပတ်ဝန်းကျင်ကို ပစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို Buffalo Soldiers Freedom Force နှင့် SBDF စခန်းခွဲ ၂ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကလည်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီး၊ စိုင်နိုင်လေးရွာမှ ပြည်သူပိုင်အိုးအိမ်များကို မီးရှို့ဖျက်ဆီးတဲ့စစ်ကြောင်းကို ရွှေဘိုမုဒ်ပေါက်အနီး ဇီးတောနဲ့ တဂဏန်းရွာအကြားမှာ Buffalo Soldiers Freedom Force အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10