သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ မီတာခတွေကို အတင်းအဓမ္မကောက်ယူနေတဲ့ ကြံ့ခိုင်ရေးပါတီဝင်အမျိုးသားတဦးကို ဇူလိုင် ၁၅ ရက် ဒီနေ့ မနက် ၁၀ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြို့ပြUG အဖွဲ့က ပြောပါတယ်။
အသတ်ခံရသူမှာ ရဲဘော်ကြီးရွာက အသက်၄၀ ကျော်အရွယ် ဦးမျိုးအောင် ဆိုသူဖြစ်ပြီး ကျောက်ဆည်မြို့ကနေ ဆိုင်ကယ်နဲ့ပြန်လာချိန် ခြောက်လမ်းမောင်းလမ်းဆုံ ငါးဆူဘုရားအနီး အရောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
"သူက မီတာရုံးကိုသွားတာလည်း ဖြစ်နိုင်ပါတယ်။ ရွာမှာ စစ်**အားကိုးနဲ့ မီတာကြေးကောက်တယ်။ မပေးရင် မီတာဖြုတ်တယ်။ မိုက်နဲ့အော်ပြီးတော့ လာမဆောင်ရင် ဖမ်းခိုင်းမယ်ထိ ပြောတဲ့ကောင်ပါ" လို့ ကျောက်ဆည်မြို့UG အဖွဲ့မှ ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။
ယခင်က ကျေးရွာရဲမီတာခကောက်နေသူကို တော်လှန်ရေးအဖွဲ့တွေက မကောက်ပေးဖို့ သတိပေးခဲ့ပြီးဖြစ်ပေမယ့် ဦးမျိုးအောင်ဟာ အခုနှစ်ဇန်နဝါရီလက စတင်ကာ စစ်ကောင်စီအားကိုးနဲ့ ကျေးရွာမှာမီတာခကောက်ခံနေသူ ဖြစ်တယ်လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။
ဒါ့အပြင် ဦးမျိုးအောင်ဆီကနေ ပိုက်ဆံ ၄၅၀၀၀ ကျပ်၊ CB bank card၊ Yoma bank စာအုပ်၊ မီတာစာရွက်အချို့၊ မှတ်ပုံတင်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၃ ရက်မှာလည်း ကျောက်ဆည်မြို့နယ်၊ ကညို့ကျေးရွာက ပျူစောထီးအဖွဲ့ဝင်ဆိုသူ အသက် ၄၀ ကျော်အရွယ် ဒေါ်လဲ့လဲ့ဝင်း(ခ)ဘိုမ သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ကြံ့ခိုင်ရေးပါတီဝင်ထံမှ သိမ်းဆည်းရရှိသည့် ငွေနှင့်ပစ္စည်းတချို့။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#မန္တလေး #ကျောက်ဆည် #ကြံ့ခိုင်ရေး #ပါတီဝင် #အသတ်ခံရ #မြို့ပြUG #ရှင်းလင်းမှု
Share Share Share