မီတာ ၃၀၀၀ လောက် ပစ်နိုင်တဲ့ Rocket ရေနံချောင်း PDF ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် အခြေစိုက် စစ်ကောင်စီကို တော်လှန်နေတဲ့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ People's Defence Force Yenangyaung အဖွဲ့က မီတာ ၃၀၀၀ လောက် ပစ်နိုင်တဲ့ Rocket ကို ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ စပြီးထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်တုန်းက နည်းပညာအားနည်းပြီး ပစ္စည်း Error ဖြစ်တာတွေရှိပြီး ပစ္စည်းဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။

နည်းပညာပိုင်းကိုတော့ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ပခုက္ကူခရိုင်အဖွဲ့ မြိုင်ဒေသအဖွဲ့ ပေါက်ဒေသအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပြီး YouTube ကနေ လေ့လာတာတွေလည်း ရှိတယ်လို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung အဖွဲ့ခေါင်းဆောင် ဗိုလ်စံသျှားက ပြောပါတယ်။

လက်နက်ထုတ်လုပ်မှုအတွက် MOD ထောက်ပံ့မှုအပြင် ပြည်သူတွေဆီကရတဲ့ အလှူငွေနဲ့ စုဆောင်းထုတ်လုပ်ရတာဖြစ်ပြီး ထုတ်လုပ်မှုမှာ ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

အရင်ကတော့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung အဖွဲ့က ၆၀ မမ လက်နက်ကြီးတွေ ထုတ်လုပ်နိုင်ခဲ့ပြီး အခုတော့ တာဝေးပစ် Rocket ကို ထုတ်လုပ်ခဲ့သလို တိုက်ပွဲတွေမှာလည်း အသုံးပြုနေပြီလို့ သိရပါတယ်။

အခုထုတ်လုပ်တဲ့ တာဝေးပစ် Rocket လက်နက်ကြီးနဲ့ ပေါက်မြို့နယ် ဒီးဒုတ်ကွင်း ပျူစောထီးကျေးရွာကို မမတ်လ ၁၅ ရက် ညနေက မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10