မီးပြတ်လို့ ဆဲတဲ့ အဆိုတော် ဗျူဟာကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ် (ရုပ်/သံ)

လျှပ်စစ်မီးပြတ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီခေါင်းဆောင်တွေကို ဝေဖန်လို့  အဆိုတော် ဗျူဟာကို အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။ 

အဆိုတော် ဗျူဟာရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ လျှပ်စစ်မီးပြတ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်တွေကို မေလ ၂၃ ရက်ညပိုင်းက Live လွှင့်ပြီး ဝေဖန်ခဲ့တာပါ။

အဲ့ဒီနေ့ညတွင်းချင်းပဲ မြောက်ဒဂုံမြို့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရကာ ၃ လနီးပါးအကြာမှာ အခုလို ပြစ်ဒဏ်ချမှတ်ခံရတာပါ။

အဆိုတော် ဗျူဟာကို စစ်ကောင်စီက နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)တို့နဲ့ အမှုဖွင့်ခဲ့ပြီး အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ 

အဆိုတော်ဗျူဟာ ထောင် နှစ် ၂၀ ချခံရတာနဲ့ ပတ်သက်ပြီး ဗျူဟာရဲ့ဇနီးဖြစ်သူက သူ့ရဲ့ လူမှုကွန်ယက်မှာ အတည်ပြုရေးသားထားကာ မိသားစုနဲ့တွေ့ခွင့်မရသေးပေမယ့် ထောင်ထဲမှာကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

ဗျူဟာ ဟာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံမှာ ထင်ရှားခဲ့တဲ့ “ကမ္ဘာမကြေဘူး” သီချင်းကို ရေးစပ်ခဲ့သူ တေးရေး နိုင်မြန်မာရဲ့ သားဖြစ်ပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #အဆိုတော် #ဗျူဟာ #စစ်ကောင်စီ #ထောင်ဒဏ် #ချမှတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10