မီးဖို မီးကြွင်းမီးကျန်ကနေ မီးလောင်လို့ နေအိမ် ၃ လုံး ပြာကျ

မီးဖို မီးကြွင်းမီးကျန်ကနေ မီးလောင်လို့ နေအိမ် ၃ လုံး ပြာကျ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အနောက်မယ်ဇယ်ပင်ကျေးရွာမှာ မီးဖို မီးကြွင်းမီးကျန်ကနေ မီးလောင်ခဲ့တာကြောင့် နေအိမ် ၃ လုံး ပြာကျသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၅ ရက်ဒီမနက် ၉ နာရီခွဲ‌လောက်မှာ အနောက်မယ်ဇယ်ပင်ကျေးရွာနေ ဦးဝင်းနေအိမ်မှာ ထမင်းအိုးတည်ပြီးနောက် မီးကို ကုန်အောင်မသတ်ဘဲ ထားခဲ့ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။



"မီးဖို မီးကြွင်းမီးကျန်ကနေ စလောင်တာပါ။ ဒီဘက်ခြမ်းက ထင်းမီးသုံးတာ များတယ်။ သတိမထားမိတော့ မီးလောင်ရာကနေ ဘေးအိမ်တွေပါ မီးကူးကုန်တယ်။ အိမ်တွေကတော့ လုံးဝအကုန်ပဲ။ မီးလောင်ထားတဲ့ တိုင်တွေလောက်ပဲ ကျန်တယ်"
လို့ ပြောပါတယ်။


မီးလောင်တာကြောင့် သွပ်မိုး၊ ပျဥ်ခင်းပျဥ်ကာ နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့လို့ ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ အိမ်ထောင်စု ၃ စု၊ လူဦးရေ ၁၀ ဦးကျော် မီးဘေးသင့်လို့ ကျေးရွာဘုန်းကြီးကျောင်းမှာ ယာယီနေထိုင်နေရတယ်လို့ ဆိုပါတယ်။


ဒါ့အပြင် မတ်လ ၁၇ ရက်နေ့မနက် ၈ နာရီခန့်မှာလည်း ကျောက်ဆည်မြို့နယ်၊ ငါးဆူကျေးရွာနေ ဦးစိုးသန်းနေအိမ်ရှိ မီးအားမြှင့်စက်နေ အပူလွန်ကဲပြီး မီးလောက်ရာမှာ နေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့လို့ နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်ကလည်း ကျောက်ဆည်မြို့နယ်၊ မြောင်းဦးကျေးရွာမှာ မီးလောင်မှုကြောင့် လူနေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10