မီးဖို မီးကြွင်းမီးကျန်ကနေ စလောင်လို့ နေအိမ် ၆ လုံးမီးလောင်ပျက်စီး

မီးဖို မီးကြွင်းမီးကျန်ကနေ စလောင်လို့ နေအိမ် ၆ လုံးမီးလောင်ပျက်စီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ တလုပ္ပင်ကျေးရွာအုပ်စု၊ တလုပ္ပင်ကျေးရွာမှာ မီးဖို မီးကြွင်းမီးကျန်ကနေ မီးလောင်မှုဖြစ်ပြီး နေအိမ် ၆ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မတ်လ ၂၀ ရက်ဒီမနက် ၈ နာရီဝန်းကျင်မှာ တလုပ္ပင်ကျေးရွာနေ ဦးသန်းထွဋ်နေအိမ်ရှိ မီးဖိုကနေ မီးစလောင်ခဲ့တာကြောင့် နေအိမ်တွေ ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။



"ထမင်းတည်ပြီး မီးဖိုမီးကို ကုန်အောင်မသတ်ဘဲ ထားရာက မီးကြွင်းမီးကျန်ကနေ မီးလောင်တာ။ အိမ်တွေကလည်း ပျဥ်ထောင်အိမ်တွေဆိုတော့ မီးလောင်အားကောင်းပြီးမီးကူးတာပါ။ ကျနော်တို့ သိရချိန်မှာ မီးကတော်တော် ကူးနေပြီ။ ရွာကလူတွေအားနဲ့ပဲ မီးကိုထိန်းထားနိုင်ခဲ့တယ်" လို့ ပြောပါတယ်။


ဒီမီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ကာ နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး၊ မီးသတ်၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းမီးငြိမ်းပေးခဲ့လို့ ၁ နာရီကျော်အကြာမှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။


မီးဘေးသင့်ပြည်သူ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁၀ ဦးစုစုပေါင်း ၁၆ ဦးရှိခဲ့ပြီး သူတို့ကတော့ ကျေးရွာဘုန်းကြီးကျောင်းမှာ ယာယီနေထိုင်နေရတယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10