မီးမလာ၊ ရေပျက်လို့ မြစ်ထဲရေဆင်းချိုးတဲ့ လူငယ် ရေနစ်သေဆုံး

မီးမလာ၊ ရေပျက်လို့ မြစ်ထဲရေဆင်းချိုးတဲ့ လူငယ် ရေနစ်သေဆုံး

စစ်ကိုင်းတိုင်း၊ ကသာမြို့၊ ရပ်ကွက် ၅ မှာ နေထိုင်တဲ့ လူငယ်တဦး မြစ်ထဲကို ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အသက် ၁၄ နှစ်အရွယ် မောင်လင်းထက်ဟာ သြဂုတ် ၁၆ ရက် နေ့လယ် ၃ နာရီလောက်က အိမ်မှာ မီးမလာလို့ ရေမရှိတဲ့အတွက် သူငယ်ချင်း ၂ ယောက်နဲ့အတူ ရေသွားချိုးချိန် ရေနစ်ခဲ့တာဖြစ်ပြီး အလောင်းကိုတော့ သြဂုတ် ၂၀ ရက် ညနေ ၄ နာရီကျော်မှ ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

"PDF တွေက မီတာဖတ်တဲ့ ဝန်ထမ်းတွေကို သေနတ်နဲ့ လိုက်ပစ်တာရှိတယ်လို့ ပြောကြတယ်။ အဲ့ဒါကြောင့် တမြို့လုံးကိုမီးဖြတ်လိုက်တာ။ မီးဖြတ်လို့ အိမ်တွေမှာရေမရကြတော့ မြစ်ထဲ ရေချိုးကြရတယ်။ အဲ့မှာကလေးက ရေနစ်သွားတာ"လို့ ကသာမြို့ခံတဦးက ပြောပါတယ်။

အလောင်းကိုတော့ သြဂုတ် ၂၁ ရက်နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကသာမြို့ EPC ဝန်ထမ်းတွေဟာ ကသာတမြို့လုံးကို သြဂုတ် ၁၆ ရက်ကနေ ၂၀ ရက်အထိ မီးဖြတ်တောက်ထားခဲ့ပြီး ဒီဖြစ်စဥ်ဖြစ်ပွားပြီးနောက် သြဂုတ် ၂၁ ရက်မှ မီးပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ကသာ #လူငယ် #ရေနစ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10