မီးရှို့ခံရတဲ့စခန်းကို ရှင်းလင်းပြီး ပြန်တဲ့စစ်သားတွေ မိုင်းဆွဲခံရ

မီးရှို့ခံရတဲ့စခန်းကို ရှင်းလင်းပြီး ပြန်တဲ့စစ်သားတွေ မိုင်းဆွဲခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို မီးရှို့ခံရလို့ သန့်ရှင်းရေးလာလုပ်တဲ့ စစ်သားတွေ အပြန်လမ်းမှာ မိုင်းဆွဲခံလိုက်ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက် မနေ့က မနက်အစောပိုင်းမှာ မီးရှို့ခံလိုက်ရတဲ့ စခန်းကို အဲ့ဒီနေ့ မနက် ၉ နာရီမှာပဲ အင်အား ၁၀ ယောက်ကျော်ပါတဲ့ စစ်သားတွေ ဖောကားနဲ့ သန့်ရှင်းရေးလာလုပ်ကြတာ ဖြစ်တယ်လို့ Swallow PDF-Magway တာဝန်ရှိသူကပြောပါတယ်။

"သူတို့စခန်းကို ပုံမှန်ဖြစ်နေတယ်ဆိုတာ ပြချင်လို့ သန့်ရှင်းရေးလုပ်ပြုပြင်ပြီး ညနေအပြန်မှာ မိုင်းဆွဲလိုက်တာ။ လာတုန်းကလည်း သူတို့က ဖောကားထဲမှာ အိပ်ပြီး လိုက်လာတာ။ လာကတည်းက သူတို့ပါလာတယ်မှန်းသိရင် အဲကတည်းက ဆွဲမလို့ပဲ။ ခုကပြန်မှ ဆွဲလိုက်ရတာ" လို့ ပြောပါတယ်။

သန့်ရှင်းရေးလုပ်ပြီးပြန်သွားတဲ့ ကားကို အဲ့ဒီညနေ ၅ နာရီကျော်လောက်မှာ ပြောင်းကျေးရွာနဲ့ မင်းတုန်းမြို့ကြားမှာ မိုင်း ၆ လုံးဆွဲပြီး တိုက်ခိုက်ခဲ့လို့ ကားပျက်စီးပြီး လူထိခိုက်မှုရှိနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက် ညနေပိုင်းမှာ အဲ့ဒီစခန်းက စစ်သား ၂ ဦး ကွမ်းထွက်ဝယ်ချိန် ပြောင်းကျေးရွာနဲ့ သီးပင်ကုန်းရွာကြားမှာ PDF တွေက ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စခန်းမှာ မနေကြတော့လို့ PDF က မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10