မီးရှို့ခံရတဲ့ ရွာတွေက တော်လှန်ရေးအတွက် မြိုင် PDF ကို ရွှေငွေများလှူဒါန်း

မီးရှို့ခံရတဲ့ ရွာတွေက တော်လှန်ရေးအတွက် မြိုင် PDF ကို ရွှေငွေများလှူဒါန်း

မကွေးတိုင်း မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီမီးရှို့တာခံရပေမယ့် တော်လှန်ရေးမှာ အသုံးပြုဖို့အတွက် ရွှေထည်တွေနဲ့ ငွေသားအချို့ကို မြိုင်PDF ဆီမှာ လာလှူသွားကြတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်ထဲက မီးရှို့ခံရတဲ့ ရွာ ၂ရွာက ပြည်သူတွေက  PDF တွေ တော်လှန်ရေးမှာ အသုံးပြုဖို့ စုပေါင်းပြီး လာလှူကြတာဖြစ်တယ်လို့ မြိုင် PDF က ဗိုလ်လက်ယာက ပြောပါတယ်။ 

"စစ်တပ်ကမီးရှို့တဲ့ရွာတွေက ဒေသခံပြည်သူတွေက စိတ်ဓါတ်ပြင်းပြတယ်၊ကျနော်တို့နဲ့လည်းပူးပေါင်းတယ်၊သူတို့ကလည်း နားကပ်တွေချွပ်လှူတယ်၊ကျနော်တို့ကလည်းဝါး၊သစ်၊မျှောတွေပြန်ပို့ပေးတယ်၊လက်နက်ဝယ်ဖို့အတွက် ဒေသခံပြည်သူတွေက ရွှေ၊ငွေအကုန်လှူကြတယ်" လို့ ပြောပါတယ်။

ဒေသခံတွေလှူဒါန်းခဲ့တဲ့ ရွှေနားကပ်နဲ့ အလှူပစ္စည်းတွေကို ၇၇ သိန်းနဲ့ လာဝယ်သွားခဲ့ပြီး ငွေသား ၂၂သိန်းနဲ့ စုစုပေါင်း ၈၉သိန်းနီးပါး တော်လှန်ရေးအတွက် အထောက်အပံ့ရရှိခဲ့တယ်လို့ ပြောပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10