သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ရွာ ၇ရွာကို စစ်ကောင်စီတပ်သားတွေက ဧပြီ ၂၃နဲ့ ၂၄ရက်တွေမှာ ဝင်ရောက်မီးရှို့သွားခဲ့ပြီး ပစ္စည်းတွေကိုပါ ခိုးယူသွားခဲ့ကြတယ်လို့ မြေပြင်ကွင်းဆင်းခဲ့တဲ့ PDF ရဲဘော်တဦးဆီက သိရပါတယ်။
စစ်ကိုင်းမြို့နယ်ထဲက အင်းစ၊ ဒီပဲယင်းကွဲ၊ ရွာထောင်၊ ရွာသစ်၊ တောင်မြို့၊ မူးသာ၊ တောင်ကြား စတဲ့ ရွာ ၇ရွာကို စစ်ကြောင်းထိုးဝင်လာပြီး မီးရှို့သွားခဲ့ကြတာကြောင့် ၇ရွာပေါင်း ပြည်သူ ၃သောင်းကျော် တောထဲမှာ နေထိုင်ကြရပြီး အကူအညီတွေလိုအပ်နေပါတယ်။