မီးရှို့ခံလိုက်ရတဲ့ ရွာကို KLG PDF က ဆန်နဲ့ဆီထောက်ပံ့

မီးရှို့ခံလိုက်ရတဲ့ ရွာကို KLG PDF က ဆန်နဲ့ဆီထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တဲ့ နတ်လဘို့ရွာက ဒေသခံတွေအတွက် ဆန်နဲ့ဆီတွေကို ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့က ဖေဖော်ဝါရီလ ၁၅ ရက်မှာ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

"ဒီနေ့နေ့လည် ၁ နာရီလောက်က နတ်လဘို့မြောက်ရွာကို သွားရောက်ထောက်ပံ့ခဲ့တာ၊ စစ်ကောင်စီတပ်က မီးရှို့သွားတဲ့နတ်လဘို့ရွာက အိမ်ခြေ ၁၀၀ အတွက် ဆန်တင်း ၂၀ ကျော် နဲ့ ဆီပုံး ၇ ပုံးကို သွားရောက်ထောက်ပံ့ပေးခဲ့တာ" လို့ ကျောက်လုံးကြီး KLG တပ်မဟာ ရဲဘော်တဦးက ပြောပါတယ်။

နတ်လဘို့ရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ့က မုံရွာ နမခ တပ်က စစ်သားတွေကမီးရှို့သွားတာလို့ သိရပါတယ်။

နတ်လဘို့ရွာမှာ လက်ရှိလူဦးရေ ၁၀၀ ကျော်ရှိပြီး တချို့က တခြားဒေသမှာ စစ်ဘေးရှောင်နေရကာ ‌လက်ရှိမှာ ထောက်ပံ့မှုနည်းနေပြီး စားဖို့နဲ့ အနွေးထည်စောင်ကအစ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10