မုန်းတိုက်ပွဲ လက်နက်ချတဲ့ စစ်ကောင်စီအဖွဲ့နဲ့ မိသားစုတွေကိုကြိုဆို (ရုပ်/သံ)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းတိုက်ပွဲမှာ လက်နက်ချစစ်ကောင်စီအဖွဲ့နဲ့မိသားစုဝင်တွေကို နွေးထွေးစွာကြိုဆိုခဲ့တယ်လို့ တောင်ပိုင်တိုင်းစစ်ဒေသခွဲ ၂ ထံက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်ကနေ ၄ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့ မုန်းရဲစခန်း၊ ခမရ ၅၉၀၊ ခမရ ၅၉၉ စခန်းသိမ်းတိုက်ပွဲတွေမှာ လက်နက်ချခဲ့တဲ့ ခမရ ၅၉၀၊ ခမရ ၅၉၉ က စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၂၀ ကျော်နဲ့ မိသားစုဝင်တွေ စုစုပေါင်း ၅၈ ဦးကို ကြိုဆိုခဲ့ကြတာပါ။

လက်ရှိမှာလည်း လက်နက်ချထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့မိသားစုဝင်တွေကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

မုန်းမြို့တိုက်ပွဲတွေမှာ နှစ်ဖက်သေဆုံးမှုတွေရှိနေသလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေ ရှိနေပြီး စစ်ရှောင်နေရတဲ့ ပြည်သူ ၆ သောင်းကျော်ရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #ပဲခူးတိုင်း #ကျောက်ကြီးမြို့နယ် #မုန်းမြို့ #ပကဖ #KNLA #KNU #စစ်ကောင်စီ #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10