မုန်းဒေသက စစ်ဘေးရှောင်တသောင်းကျော် အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေ

မုန်းဒေသက စစ်ဘေးရှောင်တသောင်းကျော် အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေ

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူ တသောင်းကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေတယ်လို့ မုန်းမြို့နယ်ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ ဆီက သိရပါတယ်။

နေရပ်ကို မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်နေရတာ ၃ ပတ်ကျော်ကြာလာတဲ့အတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေ မြင့်လာတယ်လို့ ဆိုပါတယ်။

"လိုအပ်တာကတော့ အကုန်ပါဘဲ။ ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာပေါ့။ အဲ့ထဲကမှ မဖြစ်မနေစားနေရတဲ့အတွက် စားနပ်ရိက္ခာကတော့ အရမ်းလိုအပ်နေတယ်။ လူဦးရေကများတော့ ကျနော်တို့ဘက်ကလည်း လုံလောက်အောင် မထောက်ပံ့ပေးနိုင်ဘူးဖြစ်နေတယ်" လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ရှောင်တွေအတွက် လိုအပ်နေတဲ့ စားနပ်ရိက္ခာအပါအဝင် အမိုးအကာ၊ ဆေးဝါးတွေကို ထောက်ပံကူညီနေတဲ့အဖွဲ့တချို့နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေပေမယ့် လိုအပ်ချက်က မြင့်နေတာကြောင့် ပြည်တွင်းပြည်ပအလှူရှင်တွေအနေနဲ့ ဝိုင်းဝန်းကူညီပေးစေလိုတယ်လို့ ဆိုပါတယ်။


မုန်းမြို့နယ်ထဲမှာ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၆ ရက်ထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၀၁ ကြိမ်နဲ့ လက်နက်ကြီး ၄၅၁ ကြိမ်ပစ်ခတ်ခဲ့လို့ ဒေသခံ ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရထားသလို ဒေသခံပြည်သူနေအိမ်ပေါင်း ၅၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံထားရပါတယ်။  

လေယာဥ်နဲ့လက်နက်ကြီးပစ်ခတ်တဲ့ ဘေးအန္တရာယ်ကို စိုးရိမ်ရတဲ့အတွက် ကျားတက်၊ ညောင်ပင်သာ၊ သမန်းကျင်း၊ ကညင်ကျ၊ သစ်ချဆိပ်၊ ဥသျှစ်ခင်၊ သံဆိပ်၊ ငထွေးစုပ်ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံ ၁၁,၀၀၀ ကျော်ထွက်ပြေးနေရပြီး နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။ 

စာတည်း - လင်းဇေ 

#မြေလတ်အသံ

#ပဲခူးတိုင်း #မုန်းမြို့ #စစ်ဘေးရှောင် #စားနပ်ရိက္ခာ #အကူအညီ #စစ်ကောင်စီ #လေကြောင်း #လက်နက်ကြီး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10