မုန်းဒေသမှာ ၂ ပတ်ကျော်အတွင်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ရာချီပစ်ခတ်ခဲ့

မုန်းဒေသမှာ ၂ ပတ်ကျော်အတွင်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ရာချီပစ်ခတ်ခဲ့

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်ထဲမှာ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၆ ရက်ထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၀၁ ကြိမ်နဲ့ လက်နက်ကြီး ၄၅၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုန်းမြို့နယ် ကရင့်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားချိန်၊ စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရချိန်နဲ့ ကျေးရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို ထည့်သွင်းတွက်ချက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

"စကစ တပ်တွေက တိုက်ပွဲတွေဖြစ်လို့ မနိုင်တော့ဘူးဆိုရင် လေယာဥ်တွေခေါ်တယ်။ လက်နက်ကြီးတွေ အများဆုံးပစ်တာတွေ လုပ်လေ့ရှိတယ်။ ဒီလအတွင်းမှာဆို လေယာဥ်ရော၊ လက်နက်ကြီးရော ပစ်ခတ်တာတွေက အကြိမ်ရေ တော်တော်များတယ်" လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဘက်က လေယာဥ်အပါအဝင်  လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဒေသခံ ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေယာဥ်နဲ့ လက်နက်ကြီးရန်ကို ကြောက်လို့ ကျားတက်၊ ညောင်ပင်သာ၊ သမန်းကျင်း၊ ကညင်ကျ၊ သစ်ချဆိပ်၊ ဥသျှစ်ခင်၊ သံဆိပ်၊ ငထွေးစုပ်ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံ ၁၁,၀၀၀ ကျော်ထွက်ပြေးနေရပြီး နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #မုန်းဒေသ #စစ်တပ် #လေကြောင်းတိုက်ခိုက်မှု #လက်နက်ကြီး #ဒေသခံ #ထွက်ပြေး #နေရပ်စွန့်ခွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10