မုန်းမြို့တိုက်ပွဲ KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး စစ်ကောင်စီ ၁၂၀ သေဆုံး

မုန်းမြို့တိုက်ပွဲ KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး စစ်ကောင်စီ ၁၂၀ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၂၀ ဦးသေဆုံးပြီး KNLA ပူးပေါင်းဘက်က ၁၀ ဦးဝန်းကျင်သေဆုံးသွားတယ်လို့ KNU ဗဟိုထုတ်ပြန်ချက်နဲ့ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ ၂ ထံက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်အတွင်း မုန်းရဲစခန်း၊ ခမရ ၅၉၀၊ ခမရ ၅၉၉၊ မုန်းသာစည်တံတား၊ ကော့ပြင်း စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

"ထိခိုက်သေဆုံး အခြေအနေကတော့ တိုက်ပွဲစဖြစ်တဲ့ရက်ကနေ ထိန်းချုပ်ထားနိုင်တဲ့ကာလအတွင်း နှစ်ဖက်သေဆုံးမှုပါ။ ၇ ရက်နေ့ နောက်ပိုင်းကတော့ တိုက်ပွဲထပ်ဖြစ်တာမရှိသေးပေမယ့် စစ်ရေးက တင်းမာနေဆဲပါ" လို့ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ ၂ ပြန်ကြားရေးတာဝန်ရှိသူ ကိုစောဒိုရှင်းက ပြောပါတယ်။

တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက်က ၁၂၀ ဦးသေဆုံးပြီး ၅၀ ဦးဒဏ်ရာရသလို KNLA ပူးပေါင်းတပ်က ၁၀ ဦးဝန်းကျင်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းသုံးပစ်ခတ်မှုနဲ့ လက်နက်ကြီးသုံးပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ်တွေပျက်စီးတာနဲ့ ထိခိုက်သေဆုံးတာတွေရှိပေမယ့် စာရင်းအတိအကျ ကောက်ယူဖို့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၂၀ ကျော်နဲ့ မိသားစုဝင်တွေ စုစုပေါင်း ၅၈ ဦး လက်နက်ချလို့ ထိန်းသိမ်းထားသလို လက်နက်အများအပြားကိုလည်း သိမ်းဆည်းမိထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မုန်းဒေသကို KNLA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်က ပြန်ရဖို့ အပြင်းအထန် ကြိုးစားနေကာ ညတိုင်လက်နက်ပြီးပစ်ခတ်မှုတွေရှိနေတာပါ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီးမြို့  #မုန်းမြို့  #စစ်ကောင်စီ #KNLA  #KNU #စခန်းသိမ်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10