မုန်းမြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်၊ ကလေးငယ်အပါ ၄ ဦးဒဏ်ရာရ

မုန်းမြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်၊ ကလေးငယ်အပါ ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်အတွင်းက ကျေးရွာတွေကို ၃ ရက်အတွင်း စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု ၁၂ ကြိမ် လုပ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ၄ ဦးဒဏ်ရာရပြီး နေအိမ်တွေမီးလောင်သွားတယ်လို့ နိုဝင်ဘာ ၁၃ ရက်မှာ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်းမှာ ဝက်တူးအနောက်၊ သင်္ကန်းပင်၊ ဇလုပ်ကြီး၊ ရှားပင်ချောင်း၊ မငြိမ်းစု၊ ငါးဆီလှောင်၊ တဲစု၊ သဲကုန်း၊ ငနွားဆိပ်၊ ရေလဲကျေးရွာတွေကို တိုက်လေယာဉ်ဖြင့် စက်သေနတ်နဲ့ ပစ်ခတ်သလို ပေါင် ၅၀၀ ဗုံးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"ဒီတခေါက် လေကြောင်းတိုက်ခိုက်မှုက တော်တော်ပြင်းတယ်။ ဗုံးထိလို့ နေအိမ်တွေဆို မီးလောင်ပြာကျတဲ့အထိ ဖြစ်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက် လေကြောင်းတိုက်ခိုက်မှုမှာ ငနွားဆိပ်ကျေးရွာနေ မအေးစန္ဒာဖြိုး ၃ နှစ်ခွဲ၊ မောင်အောင်လင်း ထက် ၅ နှစ်၊ မစိန်ဗယက် ၂၈ နှစ်နဲ့ ဦးလှမြင့် ၆၂ နှစ်တို့မှာ ဒဏ်ရာရခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ပါတယ်။

နိုဝင်ဘာ ၂၂ ရက် လေကြောင်းတိုက်ခိုက်မှုမှာ ရေလဲကျေးရွာက နေအိမ် ၄ လုံးမီးလောင်ပြီး ခရစ်ယာန်ဘုရားကျောင်းနဲ့ မူကြိုကျောင်း ၁ ကျောင်း ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

မုန်းမြို့နယ်ထဲမှာ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၆ ရက်ထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၀၁ ကြိမ်နဲ့ လက်နက်ကြီး ၄၅၁ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာကာ အိမ်ခြေ ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မုန်းမြို့နယ် #လေကြောင်း #ဗုံးကြဲ #မီးရှို့ #ကလေး #မြေလတ်သတင်း #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10