သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအရှေ့ခြမ်း၊ မုန်းမြို့နယ်၊ မုန်း-ဇရပ်ကြီး ကားလမ်းပေါ် က ကျေးရွာတွေဆီ စစ်ကြောင်းထိုးဖို့ ပြင်နေတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီတပ်ဖွဲ့ကို နယ်မြေခံ ပူးပေါင်းကာကွယ်ရေးအဖွဲ့တွေက တနေ့တည်း ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေဆီက သိရပါတယ်။
ဇူလိုင်လ ၃ ရက် မနက် ၉ နာရီဝန်းကျင်က စနိုက်ဘာနဲ့ပစ်ခတ်ချိန် စစ်သား ၁ ဦး သေဆုံးခဲ့ပြီး၊ ညနေ ၅ နာရီ ဒရုန်းနဲ့တိုက်ခိုက်ချိန်မှာတော့ ၃ ဦးသေဆုံးကာ၊ ည ၈ နာရီခွဲအချိန် ထိတွေ့မှုမှာတော့ အပြန်လှန်ပစ်ခတ်မှု ၁၀ မိနစ်လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေပို့တဲ့ သူတို့(စစ်ကောင်စီ) လမ်းကြောင်းလုံခြုံရေးအတွက် ဒီဘက်ခြမ်းကို လာဆင်းကာတဲ့ စစ်ကြောင်းနဲ့ဖြစ်တာ၊ ညပိုင်းထိတွေ့မှုမှာတော့ တော်တော်များများ သေဆုံးတယ်၊ အဲ့ညတွင်းချင်းပဲ ဖြူးဘက်ကို လူနာတွေရော အလောင်းတွေရော သယ်သွားတယ်၊ ဆူညံနေရောပဲ” လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တဦးက ပြောပါတယ်။
မုန်း - ဇရပ်ကြီးလမ်းပိုင်းရှိ ကရင်ကျရွာနဲ့ သမန်းကျင်းရွာ အနီးတဝိုက်မှာပဲ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကာ၊ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်တွေဟာ အမြဲအရွေ့အပြောင်းလုပ်နေတဲ့အတွက် သေဆုံးစစ်သားတွေဟာ ဘယ်တပ်ကဆိုတာတော့ အတိကျ မသိရသေးပါဘူး။
သို့သော် မုန်းမြို့မှာ စစ်ကောင်စီရဲ့ ခမရ ၅၉၀နဲ့ ခမရ ၅၉၉ တပ်ရင်း ၂ ခုရှိတဲ့အတွက် အဲ့ဒီတပ်ရင်းက စစ်သားတွေ ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ခန့်မှန်းကြပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာ နဲ့ ကျောက်ကြီးမြို့နယ် ရေတွင်းကုန်းရွာမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေဆုံးကာ ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ရဲဘော်တဦး ကျဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူးအရှေ့ခြမ်း #မုန်း #စစ်ကောင်စီ #PDF #တိုက်ခိုက်မှု
Share Share Share