မုန်းမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရ

မုန်းမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး မုန်းမြို့နယ် ကြာအင်းကျေးရွာထဲကို စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၂ ဦး ကျည်စထိမှန် ဒဏ်ရာရသွားတယ်လို့ နိုဝင်ဘာလ ၂၈ ရက် ဒီနေ့မှာ KNU ဗဟိုက ထုတ်ပြန်လာပါတယ်။

နိုဝင်ဘာလ ၂၇ ရက် ညနေ ၅ နာရီကျော်မှာ အုတ်ဖြတ်ရဲစခန်းဘက်ကနေ Lot-F 57 အမျိုးအစား Rocket ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာ လို့ ဆိုပါတယ်။

"ဒုံးလိုမျိုးထင်တယ်။ ကျေးရွာထဲကို ကျလာတာလို့သိရတယ်။ ဒလက်ပါတဲ့အရာမျိူးဘဲ။"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့  ကြာအင်းရွာသူ မမယ်ပ ၃၅ နှစ်နဲ့ မညိုစန်း ၄၆ နှစ်တို့ရဲ့ လက်နဲ့ခါးတွေမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး သူတို့ကို KNLA ဆေးတပ်ဖွဲ့ဘက်က ဆေးကုသပေးနေတယ်လို့ သိရပါတယ်။ 

နိုဝင်ဘာလ ၂၀ ရက်ကနေ  ၂၃ ရက်အတွင်းမှာ မုန်းမြို့နယ်၊ ဝက်တူးအနောက်၊ သင်္ကန်းပင်၊ ဇလုပ်ကြီး၊ ရှားပင်ချောင်း၊ မငြိမ်းစု၊ ငါးဆီလှောင်၊ တဲစု၊ သဲကုန်း၊ ငနွားဆိပ်၊ ရေလဲကျေးရွာတွေကို စစ်အုပ်စုက လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အပြင် ပေါင် ၅၀၀ ဗုံးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာတွေ စုစုပေါင်း ၁၂ ကြိမ် ပြုလုပ်ခဲ့လို့ ငနွားဆိပ်ကျေးရွာနေ ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

 စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မုန်း #ကြာအင်းကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံထိခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10