မုန်းမှာ စစ်အုပ်စုက လေကြောင်းသုံးပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေ

မုန်းမှာ စစ်အုပ်စုက လေကြောင်းသုံးပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အနီးရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တဲ့အတွက် အမျိုးသမီး ၁ ဦးသေဆုံးကာ ကလေး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၂ ရက် မနေ့ကနေ့လယ် ၁၂ နာရီကျော်မှာ တောင်ငူလေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဥ်တစီးက ကိုင်းတဲစု၊ ကညင်ဒိုင်း၊ ငှက်ပျောတော စတဲ့ကျေးရွာတွေကို လှည့်ပတ် ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

"PDF တွေရွာထဲမှာ ရှိနေတယ်အထင်နဲ့ လာပစ်သွားတာနေမယ်။ နာရီဝက်နီးပါးလောက် လှည့်ပတ်ပစ်သွားတာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က လေယာဥ်နဲ့ပစ်ခတ်သွားလို့ ကိုင်းတဲစုကျေးရွာနေ ဒေါ်စန်းထွေး ၆၀ နှစ်မှာ ဝမ်းဗိုက်ကျည်ထိပြီး နေရာတင် သေဆုံးခဲ့ကာ အသက် ၈ နှစ်အရွယ် မဂျူးဂျူးလိုင်မှာ လက်ရှပ်ထိ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးကိုတော့ ကျေးရွာထုံးစံနဲ့အညီ နာရေးပြုလုပ်ခဲ့ရပြီး ဒဏ်ရာရ ကလေးငယ်ကိုတော့ KNU ဆေးတပ်ဖွဲ့ကနေ ဆေးကုသပေးနေပါတယ်။

လက်ရှိမှာ မုန်းမြို့ကို စစ်ကောင်စီဘက်က ပြန်ရဖို့ ကြိုးစားနေသလို KNU ဘက်ကလည်း ဆက်လက်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာတဲ့အခြေအနေတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ညကနေ ၇ ရက်ထိ ဖြစ်ပွားခဲ့တဲ့ မုန်းမြို့သိမ်း တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက်က ၁၂၀ ဦးသေဆုံးပြီး ၅၀ ဦးဒဏ်ရာရသလို KNLA ပူးပေါင်းတပ်က ၁၀ ဦးဝန်းကျင်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀ ထက်မနည်းသုံးခဲ့လို့ အရပ်သားနေအိမ် ၃၀ ထက်မနည်း ပျက်စီးခဲ့ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မုန်း #စစ်ကောင်စီ #လေကြောင်းပစ် #တိုက်ခိုက် #ဒေသခံအမျိုးသမီး #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10