မုံရွာက ဆပ်ကြေးကောက်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ၊ ၄ ဦးသေပြီး သေနတ်ပါသိမ်းနိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ပြည်ထောင်စုလမ်းမကြီးရှိ ဘိုးဘွားရိပ်သာရဲ့မြောက်ဘက်မှာ ဆပ်ကြေးကောက်နေတဲ့ စစ်သားတွေကို ဩဂုတ် ၁၉ ရက် မနေ့မနက် ၇ နာရီဝန်းကျင်မှာ ကာကွယ်ရေးအဖွဲ့ ၆ ဖွဲ့ပူးပေါင်းပြီး အနီးကပ် ကားနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force - Monywa အဖွဲ့ဆီက သိရပါတယ်။

စစ်သား ၅ ဦးက လမ်းသွားလမ်းလာ ပြည်သူကားတွေကို ဆက်ကြေးကောက်နေတဲ့အချိန် ကားနဲ့ အနီးကပ်ရပ်ပြီး ပစ်ခတ်ရာမှာ ၄ ဦး နေရာမှာပင် ထိမှန်သေဆုံးပြီး ၁ ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ Golden Eagle Force - Monywa ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။

"စစ်** ၅ ကောင်ရှိတဲ့အချိန်မှာ ကျနော်တို့က ကားနဲ့သူတို့ရဲ့ အနီးကပ်ကိုရပ်ပြီးတော့ ပစ်ခတ်ခဲ့တာပါ၊ ထိခိုက်သေဆုံးမှုကတော့ နေရာမှာပဲ ** ၄ ကောင်သေသွားပါတယ်၊ ၁ ကောင်ကတော့ လွတ်သွားတယ်၊ လွတ်သွားပြီး လမ်းဘေးကကျောက်ပုံဘက်မှာ ကာဗာယူပြီးပြန်ပစ်တာကြောင့် Gun ၁ လက်ပဲ ကောက်နိုင်ခဲ့တယ်"လို့ ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Golden Eagle Force - Monywa အဖွဲ့က ဦးဆောင်ပြီး ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(24) (Monywa ranger group truth army)၊ ကြယ်နီတပ်ဦး (pla)၊ brother revolution force-monywa နဲ့ Ka Naung Min Thar Gyi - Monywa တို့က ပူးပေါင်းလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း မုံရွာမြို့ နည်းပညာတက္ကသိုလ် GTC ဂိတ်က ကင်းသမားတွေကို Golden Eagle Force - Monywa အဖွဲ့က ကား ၂ စီးနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #ဆက်ကြေးကောက် #စစ်ကောင်စီ #ပစ်ခတ်ခံရ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10