မုံရွာ ကညနရုံး နဲ့ စိုက်ပျိုးရေးရုံးရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က ကုန်းလမ်းပို့ဆောင်ညွန်ကြားရေးရုံး (ကညန) ရုံး နဲ့ စိုက်ပျိုးရေးရုံးတို့မှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီလ၂၉ ရက် မနေ့က ညနေ ၆ နာရီလောက်မှာ မဟာမိတ် ၆ ဖွဲ့ပေါင်းပြီး တပြိုင်ထဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

"တိုက်ပွဲချိန် ၁၅ မိနစ်ကြာပါတယ်၊ ကညန ရုံးထဲက စစ်ကောင်စီတပ်သားတွေက စပစ်တာ၊ အဖွဲ့တွေခွဲပြီး တပြိုင်ထဲတိုက်ခိုက်ခဲ့တာ၊ ဒီနေ့မနက် ကြားရတာက စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း အသေအပျောက်ရှိပြီး ဒဏ်ရာရတာလည်း များပါတယ်၊ မဟာမိတ်ဘက်က ရဲဘော် ၄ ဦး မစိုးရိမ်ရဒဏ်ရာရတယ်" လို့ မုံရွာခရိုင်တပ်ရင်း ၇ - Lightning People Defence Force တာဝန်ခံက ပြောပါတယ်။


ပစ်ခတ်မှုအပြီး နာရီဝက်အကြာမှာ စစ်ကောင်စီဘက်က လူနာတင်ယာဉ် ၁ စီးနဲ့ စစ်ကား ၁ စီး ကညန ရုံးထဲကို ဝင်လာပြီး လူနာတွေကို သယ်ယူသွားပြီးနောက် အင်အား ၃၀ ဝန်းကျင်ကိုလည်း ထပ်ဖြည့်ထားတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို မုံရွာခရိုင်တပ်ရင်း ၇ - Lightning People Defence Force၊ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းတပ်ဖွဲ့၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း - ၄၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း - ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys )၊ မုံရွာခရိုင်အမှတ် (၅) တပ်ရင်း A.S.F (Aung San Force)၊ MRDA ရင်း (6) တပ်ခွဲ 2 စေတန်၊ မုံရွာခရိုင်တပ်ရင်း (၂၄) တပ်ခွဲ (၄) Spring Dove People's Defense & Revenge Army PDRA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10