သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်၊ စွယ်တော်လမ်း ဝါဂွမ်းကြိတ်စက်ရုံမှာ မီးလောင်မှုဖြစ်လို့ စက်ရုံအဆောက်အဦနဲ့ စက်ပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၂ ရက် ဒီကနေ့မနက်အစောပိုင်းက “ရွှေခြူး”ဂွမ်းဖက်ထုတ်စက်ရုံမှာ ဂွမ်းကြိတ်စက်ကနေစတင်ကာ မီးလောင်မှုဖြစ်ပွားခဲ့ရာက စက်ရုံအတွင်း ကူးစက်လောင်ကျွမ်းခဲ့ကာ အချိန် ၂ နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
"ဂွမ်းကြိတ်တဲ့စက် လည်ပတ်နေတုန်းမှာ ကျောက်ခဲညပ်ပြီး မီးပွားထွက်ပြီး မီးကူးသွားတာ။" လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို မုံရွာမြို့နယ်၊ ခရိုင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပရဟိတအဖွဲ့တွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် လူထိခိုက်တာမရှိခဲ့ဘဲ စက်ရုံအတွင်းရှိ ဂိုထောင် ၁ လုံး၊ ဝါဂွမ်းတွေနဲ့ စက်ပစ္စည်းတွေ ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း ၄၀၀ ကျော် ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။
အဆိုပါစက်ရုံဟာ ဝါဝွမ်းဖက်တွေကို ကြိတ်ချေပြီး ကုန်ကြမ်းအဖြစ်ထုတ်လုပ်ပြီးနောက် မွေ့ယာ၊ ခေါင်းအုံးစတဲ့ ကုန်ချောထုတ်တဲ့စက်ရုံတွေကို တဆင့်ပြန်လည်ရောင်းချတာတွေပြုလုပ်တာလို့ သိရပါတယ်။
ဩဂုတ် ၂၁ ရက်ကလည်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ လမ်းသွယ် ၂ ရှိ လူနေအိမ် ၁ လုံးမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးမီးလောင်ပျက်စီးသွားခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မုံရွာ #ဝါဂွမ်း #စက်ရုံ #မီးလောင်
Share Share Share