မုံရွာက ကိုယ်ထူကိုယ်ထစာသင်ကျောင်းတခုမှာ အကူညီတွေလိုအပ်နေ

မုံရွာက ကိုယ်ထူကိုယ်ထစာသင်ကျောင်းတခုမှာ အကူညီတွေလိုအပ်နေ

 စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်တနေရာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ ‌ကျောင်းသုံးပစ္စည်းနဲ့ ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ စာသင်ကျောင်းအတွက် အကူညီရှာဖွေပေးနေတဲ့ မဟူရာဒေါင်းမင်းအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီကျောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး KG ကနေ ၇တန်းထိ ကျောင်းသား ၇၀ နီးပါးစာသင်နေပြီး ဆရာမ ၄ ဦး၊ ဆရာ ၁ ဦးက စေတနာ့ဝန်ထမ်းအဖြစ် သင်ကြားပေးနေတာပါ။ 

“ကလေးတွေက ရှိတဲ့အပင်ရိပ်အောက်တွေမှာ သင်ရတယ်။ ခုဆို မိုးရာသီရောက်တော့မှာ အမိုးဆိုတာလည်း မရှိဘူး၊ စာသင်ခုံလည်းဘာမှမရှိဘူး၊ စာအုပ်လည်း ပေးစရာကိုမရှိတာ။”လို့ မဟူရာဒေါင်းမင်းအဖွဲ့ဝင် မပိုးပိုးက ပြောပါတယ်။

အဲ့ဒီကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ အခုလက်ရှိ မိုးလုံတဲ့ကျောင်းဆောင်၊ စာသင်ခုံနဲ့ စာရေးကိရိယာတွေ အဓိကလိုအပ်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီကျောင်းရှိရာတဝိုက်က စစ်တပ်ကစစ်ကြောင်းထိုးတာတွေလည်းရှိပြီး စစ်ကြောင်းထိုးချိန် တိမ်းရှောင်လိုက် စစ်ကြောင်းငြိမ်ချိန်မှာ ပြန်ဖွင့်လိုက်လုပ်နေရတာကြောင့် နွေရာသီကျောင်းပိတ်ရက် မပေးနိုင်ဘူးလို့ သိရပါတယ်။ 

“ဒီချိန်က တကယ်ဆို နွေရာသီကျောင်းပိတ်ချိန်လေ ကျောင်းလည်း မပိတ်ရဘူး။ စစ်ရှောင်လိုက် အဆင်ပြေတဲ့အချိန်လေး စာသင်လိုက်လုပ်နေရတာ။”လို့ သူက ဆက်ပြောပါတယ်။

ဒီစာသင်ကျောင်းမှာ ရွာအနီးရှိ ကလေးတွေအပြင် စစ်ရှောင်ကျေးရွာက ကလေးတွေပါ စာသင်ကြားနေပြီး NUG နဲ့ အချိတ်အဆက်ရနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ မပိုးပိုးကပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စာသင်ကျောင်း #ကိုယ်ထူကိုယ်ထ #အကူညီလိုအပ် #ပညာရေး #စစ်ဘေးဒဏ်သင့် #ကလေးသူငယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10