မုံရွာက ဖုန်းဆိုင်တဆိုင်ကို ဓါးပြတိုက်ပြီး ဗုံးပစ်ချခဲ့လို့ ၄ ဦးဒဏ်ရာရ

မုံရွာက ဖုန်းဆိုင်တဆိုင်ကို ဓါးပြတိုက်ပြီး ဗုံးပစ်ချခဲ့လို့ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရန်ကင်းရပ်ကွက်၊ ကျောက္ကာလမ်းရှိ Mobile 1 ဖုန်းဆိုင် ဓားမြတိုက်ခံရပြီး ဗုံးပစ်ခံရလို့် ဝန်ထမ်း ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက် မနေ့က ညနေ ၄ နာရီ​ကျော််မှာ Mobile 1 ဖုန်းဆိုင်ကို လူငယ် ၂ ဦးရောက်လာပြီး သေနတ်ပြ ငွေတောင်းခဲ့ပြီးနောက် လက်လုပ်ဗုံး ၁ လုံး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက​ ပြောပါတယ်။

"ဖြစ်တာက ဟုတ်တယ်။ ညနေပိုင်းမှာ ဓားပြတိုက်တာ။ ပြီးတော့ ဗုံးတလုံး ပစ်ချထွက်ပြေးတယ်။ ဒီဘက်က ဝိုင်းဖမ်းတော့ သူတို့ယူသွားတဲ့ ငွေတွေ ပြန်ကျန်ခဲ့တယ်။ လူတွေကတော့ လွတ်သွားတယ်" လို့ ပြောပါတယ်။

ဓားပြလာတိုက်တဲ့သူတွေ ပစ်ချခဲ့တဲ့ ဗုံးပေါက်လို့ ဆိုင်ထဲက ဝန်ထမ်း ကျား ၃ ဦး၊ မ ၁ ဦး ပေါင်း ၄ ဦး ဒဏ်ရာရသွားတာ​ကြောင့် မုံရွာပြည်သူ့ဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

ဓားပြတိုက်ခံရပြီး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ကျောက္ကာလမ်းတလျှောက်ပိတ်ပြီး စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့မှာ အခုရက်ပိုင်းအတွင်း ဓါးပြတိုက်မှုတွေ မကြာခဏဖြစ်နေပြီး ဖမ်းမိတာမျိုးလည်း မရှိသလို မနေ့က ဖုန်းဆိုင်ကို ဓါးပြတိုက် ဗုံးပစ်ခဲ့တဲ့ လူငယ် ၂ ဦးဟာလည်း ဘယ်သူတွေဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။

ဇန်နဝါရီလ ၂၀ ရက် ည ၇ နာရီခန့်ကလည်း မုံရွာမြို၊ အောင်ချမ်းသာရပ်ကွက် ဗဟိုလမ်းက ချမ်းမြေ့သုခ ကုန်စုံဆိုင် ဓားပြတိုက်ခံရပြီး ဓားပြတိုက်သူတွေက ဓားနဲ့ခုတ်လို့ ဆိုင်ရှင်အမျိုးသားဖြစ်သူ သေဆုံးကာ အမျိုးသမီး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10