မုံရွာခရိုင်တပ်ရင်း ၂ က ရဲဘော်တွေကို ကွန်မန်ဒိုသင်တန်းပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ထဲမှာအခြေစိုက်တဲ့ မုံရွာခရိုင်တပ်ရင်း ၂ Chindwin Attack Force 2 ရဲ့ ရဲဘော်အချို့ဟာ အထူးကွန်မန်ဒိုသင်တန်းကို တက်ရောက်နေတယ်လို့ မုံရွာခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။

အထူးကွန်မန်ဒိုသင်တန်းအတွင်းမှာ မုံရွာခရိုင်တပ်ရင်း ၂ ရဲ့ အခြေခံ စစ်သင်တန်းတက်ရောက်ပြီးသူ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ရဲဘော် ၅၀ ခန့် ပါဝင်တယ်လို့ သင်တန်းနည်းပြ ကိုရဲကြီး က ပြောပါတယ်။

အဲဒီသင်တန်းဟာ တပ်ရင်း ၂ ရဲ့ အပတ်စဉ် (၂) အထူးကွန်မန်ဒိုသင်တန်းဖြစ်ပြီး သင်တန်းကာလ ရက် ၁၀၀ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သင်တန်းပြီးတဲ့အခါမှာ ထူးချွန်ရဲဘော်တွေကို စံပြဆု၊ လေ့ကျင့်ရေးဆုနဲ့ စည်းကမ်းကောင်းမွန်ဆု စတဲ့ဆုတွေကိုချီးမြှင့်သွားမယ်လို့လည်း ဆိုပါတယ်။

သင်တန်းကာလအတွင်း ရဲဘော်တွေအတွက် ရိက္ခာ၊ လေ့ကျင့်ရေးအတွက် ကျည်နဲ့ ရဲဘော်တွေရဲ့ကျန်းမာရေးအတွက် ဆေးဝါးတွေလိုအပ်နေတယ်လို့လည်း သင်တန်းနည်းပြ ကိုရဲကြီး က ပြောပါတယ်။

မုံရွာခရိုင်တပ်ရင်း ၂ ဟာ တပ်ရင်းအခြေစိုက်ရာ ဒေသအနီးတဝိုက်မှာ ဒေသခံတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ဆင်ရေးတွေဖော်ဆောင်လျှက်ရှိတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - HP၊ စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မုံရွာ #မုံရွာခရိုင်တပ်ရင်း၂ #ChindwinAttackForce2 #ကွန်မန်ဒိုသင်တန်း #လေ့ကျင့်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10