မုံရွာစီးပွားရေးတက္ကသိုလ်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးနဲ့ အပစ်ခံရ

မုံရွာစီးပွားရေးတက္ကသိုလ်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးနဲ့ အပစ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့စီးပွားရေးတက္ကသိုလ်ထဲမှာ အင်အား ၂၀၀ ကျော်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Snipe Rangers Force (LPDF)အဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၂ ရက် ည ၉ နာရီခွဲအချိန်ခန့်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နားနေဆောင်ပေါ်ကျပြီး ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ အလုံးပေါင်း ၉ လုံးပဲပစ်ခတ်နိုင်ခဲ့တာ။ မိုးရွာနေတာကြောင့် ပြန်ဆုတ်ခဲ့ရတယ်။ ဒီလိုပစ်ခတ်ခဲ့တာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က နားနေဆောင်အိပ်တဲ့အဆောင်ဘက်ကိုကျတယ်။ လောလောဆယ် ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူး။မြေပြင်အခြေအနေအရ အနားကိုကပ်လို့မရသေးပါဘူး။ ကျနော်တို့ပစ်ခတ်ပြီး စစ်ကောင်စီဘက် ၆၀ မမနဲ့ ကောင်တာပြန်ပြီး စက်လက်ကလေးနဲ့ဆွဲတယ်" လို့ Snipe Rangers Force (LPDF) ရဲဘော်ဆလိုင်း က ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို ၆၀ မမ၊ ၈၁ မမ လက်နက်ကြီး ၂ မျိုးအသုံးပြုပြီး ကာကွယ်ရေးအဖွဲ့ ၈ ဖွဲ့ စုပေါင်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်အကျနေတုန်းကလည်း မုံရွာမြို့စီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ တပ်မ ၃၃ က စစ်သားတွေကို Snipe Rangers Force (LPDF) အဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၇ ဦးသေပြီး ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း-007

#မြေလတ်အသံ

#မုံရွာ #စစ်ကိုင်းတိုင်း #စီးပွားရေးတက္ကသိုလ် #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ်မှု #LPDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10