မုံရွာ စီးပွားရေးတက္ကသိုလ်ဝန်းက ကင်းသမားတွေပစ်ခံရလို့ ၂ဦးသေဆုံး( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စီးပွားရေးတက္ကသိုလ်ဝန်းရဲ့ဒေါင့်မှာ ကင်းစောင့်နေတဲ့ စစ်သားတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦးသေဆုံးတယ်လို့ Golden Eagle Force - Monywa အဖွဲ့ဆီက သိရပါတယ်။

မေလ ၁၂ ရက် ဒီနေ့ နေ့လယ် ၁ နာရီခွဲအချိန်မှာ စီးပွားရေးတက္ကသိုလ်ဝန်းရဲ့ဒေါင့် ဘန်ကာနဲ့ကင်းစောင့်နေတဲ့ စစ်သား ၄ ဦးကို ကားနဲ့ အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


"ထိခိုက်သေဆုံးတာက ရဲဘော်တွေမြင်ခဲ့တာနဲ့ အနီးအနားက ကင်းသမားတွေပြောပြချက်အရ ၂ ကောင်သေတယ်" လို့ ဗိုလ်လင်းယုန်က ပြောပါတယ်။

ပစ်ခတ်ပြီးနောက်ပိုင်း မြို့တွင်းမှာ ကား ၃ စီးရောက်လာပြီး လမ်းသွားလမ်းလာတွေကို ပိတ်စစ်နေတယ်လို့ ဆိုပါတယ်။

ထိုတိုက်ခိုက်မှုကို Golden Eagle Force-Monywa၊ Red Star Front-ကြယ်နီတပ်ဦး(PLA) ၊ Monywa People Defence Force M.P.D.F(local) ၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့ နှင့် Brothers Revolution Force-Monywa တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ်- ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10