မုံရွာစီးပွားရေးတက္ကသိုလ်အနီးက စစ်တပ်ဂိတ်တိုက်ခိုက်ခံရလို့ ၄ ဦးသေ ၂ ဦး ဒဏ်ရာရ (ရုပ်/သံံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ - အရာတော်လမ်ပိုင်း၊ စီးပွားရေးတက္ကသိုလ်နားက စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီဝန်းကျင်မှာ အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၄ Chindwin Attack Force ဆီက သိရပါတယ်။

စစ်အုပ်စုဘက်က အင်အား ၃၀ ဝန်းကျင်လောက်ရှိနိုင်တဲ့ စစ်ဆေးရေးဂိတ်ကို PDF တွေဘက်က RPGနဲ့ စတင်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁ နာရီဝန်းကျင်ကြာခဲ့တယ်လို့ Chindwin Attack Force သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"စစ်ကောင်စီ ၄ ဦးသုတ်သင်နိုင်ခဲ့တယ်။ ၂ ဦးကတော့ထိခိုက်ဒဏ်ရာရရှိတယ်ဆိုပြီး သတင်းရထားတယ်။" လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်အုပ်စုဘက်က ပြန်ပစ်လို့ PDF ရဲဘော် ၂ ဦးအသေးစားထိခိုက်မှုရရှိခဲ့သလို တိုက်ပွဲအပြီး စစ်အုပ်စုဘက်က လက်နက်ကြီးတွေဆက်တိုက်ပြန်ပစ်ခဲ့လို့ စီးပွားရေးတက္ကသိုလ်အနီးက ပြည်သူအချို့ထိတ်လန့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မုံရွာ #စီးပွားရေးတက္ကသိုလ် #စစ်တပ်ဂိတ် #တိုက်ခိုက်ခံရ #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10