မုံရွာ နမခ က ထွက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နမခ ထဲကထွက်လာတဲ့ စစ်ကြောင်းကို ဒေသခံတပ်ရင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA အဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက် မနက် ၉ နာရီခွဲလောက်ကစပြီး ဒေသခံတပ်ရင်းနဲ့ Local PDF တွေပေါင်းပြီး မုံရွာမြို့ နမခ ထွက်လာတဲ့စစ်ကြောင်းကို နဂါးတွင်းရွာနဲ့ ညောင်ဖြူပင်ရဲစခန်းအကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

စစ်သားအင်အား ၈၀ ဦးလောက်နဲ့ မုံရွာမြို့ နမခ ထဲကနေ မအူ၊ တောပု၊ ညောင်ဖြူပင်စခန်းတွေကိုပတ်နေတဲ့ စစ်ကြောင်းဖြစ်ပြီး နဂါးတွင်းရွာနဲ့ ညောင်ဖြူပင်ရဲစခန်းအကြားမှာ ၃ နာရီကျော်အကြာ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

"အရင်နေ့ကတည်းက လိုက်တာ၊ ၃ ရက်နေ့မှာ ကျနော်တို့နဲ့ တွေ့တာ၊ သူတို့ဘက်ကအရင် ၂ ယောက်ထိတယ်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်၊ ၃ ယောက်ထပ်ထိတယ်၊  ၃ နာရီကျော်လောက်ထိ တိုက်ပွဲကြာသွားတယ်၊ ကျနော်တို့မျက်မြင်က ၅ ကောင်သေတယ်၊ ပျူလည်းပါတယ်၊ စစ်**လည်းပါတယ်၊ အရာရှိလည်းပါတယ်လို့ သိရတယ်၊ သေတာက ၃ ကောင်က စစ်**၊ ၂ ကောင်က ပျူတွေပါ၊ ဒဏ်ရာရတာက ၂၀ လောက်ရှိတယ်"လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

အဲ့ဒီနောက်ဒီနေ့ ဖေဖော်ဝါရီ ၄ ရက် ၃ နာရီ ၁၅ မိနစ်လောက်မှာ တိုက်ပွဲဖြစ်ရာအနီး စစ်ကောင်စီဘက်က သေဆုံးအလောင်းတွေကို လာသယ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #နမခ #စစ်ကောက်စီစစ်ကြောင်း #ကြားဖြတ်တိုက်ခိုက်ခံရ #ထိခိုက် #အရာရှိ #စစ်သား #ပျူစောထီး #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10