မုံရွာ နမခကိုလာတဲ့ စစ်ကောင်စီ ကား ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပစ်ခတ်

မုံရွာ နမခကိုလာတဲ့ စစ်ကောင်စီ ကား ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပစ်ခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း တပ်မ ၃၃ ဘက်က ထွက်လာတဲ့ စစ်ကောင်စီ စစ်သားအင်အား ၇၀ ဝန်းကျင်နဲ့ ကား ၂ စီးကို မုံရွာနဲ့ ခင်မွန်အကြားမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က မီတာ ၁၅၀ အကွာကနေ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကား ၂ စီးနဲ့ အင်အား ၇၀ ကို ဧပြီ ၁၁ ရက် ညနေ ၅ နာရီဝန်းကျင်မှာ မိုင်း ၃ ပွိုင့်ဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“သေတာက ၇ ကောင်သေတယ်။ ၁၅ ကောင်လောက်က အပြင်းအထန်ဒဏ်ရာရပြီး ဆေးကုနေရတယ်” လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် ကား ၂ စီးနဲ့ အင်အား ၇၀ ပါတဲ့ စစ်သားတွေဟာ မုံရွာမြို့ နမခထဲကိုဝင်သွားတယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA စေတန်၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်‌ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force၊ Democratic Guerrilla Force (D.G.F) နဲ့ Monywa Force Group တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာ #စစ်ကောင်စီယာဉ်တန်း #မိုင်းဆွဲတိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10