သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ တပ်မ ၃၃ ကနေ စစ်ကောင်စီယာဉ်တန်း ၁၂ စီးဟာ မုံရွာမြို့ နမခထဲကို သွားမယ်လို့ သတင်းရတာကြောင့် ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီလောက်မှာ မြင်းမူမြို့နယ်၊ ကန်ဖျားဇရပ်အနီး အသင့်စောင့်ပြီး ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force M.N.R.F တပ်မှူး မိုးညိုက ပြောပါတယ်။
အဆိုပါ စစ်ယာဉ်တန်းဟာ တပ်အပြောင်းအရွှေ့လုပ်တာ ဖြစ်နိုင်တယ်လို့ ယူဆရကာ ကားတွေပေါ်မှာလည်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလိုက်ပါလာပြီး စစ်ကား ၁၂ စီးအနက် စစ်သားတွေပါတဲ့ ၅ စီးမြောက်ကားကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ တပ်မှူးက ဆိုပါတယ်။
နှစ်ဘက် အပြန်အလှန် ပစ်ခတ်ချိန် ၁၅ မိနစ်လောက်ကြာခဲ့ပြီး စစ်ကောင်စီဘက်က မျက်မြင်အရ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦးက ဒဏ်ရာပြင်းထန်လို့ ဆေးရုံကားတွေနဲ့ မုံရွာမြို့ဘက်ကို မောင်းသွားတယ်လို့ ဆက်ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အဆိုပါ စစ်ယာဉ်တန်း ၁၂ စီးဟာ မုံရွာ နမခထဲကို ဝင်သွားပြီးနောက် ဒီဇင်ဘာ ၁၂ ရက်ညပိုင်းမှာ မြင်းမူမြို့နယ်ထဲက စစ်ကောင်စီ အထိုင်စခန်းတခုဖြစ်တဲ့ ထီးဆောင်းစခန်းကနေ အခင်းဖြစ်တဲ့ ကံပြားဇရပ်အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်တယ်လို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မုံရွာ #တပ်မ၃၃ #နမခ #စစ်ယာဉ်တန်း #တိုက်ခိုက်
Share Share Share