မုံရွာနယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ၃ ‌ဦးနဲ့ တော်လှန်ရေးရဲဘော် ၁ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းက ထွက်လာတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့  PDF မဟာမိတ်တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က စစ်ဗိုလ်အပါအဝင် ၃ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၈ ရက် မနက် ၈ နာရီခွဲဝန်းကျင်ခန့်က ညောင်ဖြူပင်ရဲစခန်းနဲ့ မိတာ ၁၅၀ အကွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းမှာ စစ်သား၊ ရဲနဲ့ ပျူစောထီး စုစုပေါင်းအင်အား ၃၀ ခန့်ပါတယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄ အဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာ၀န်ခံ ကိုပေတလူး က ပြောပါတယ်။

နာရီဝက်ကျော်ကြာ ထိတွေ့မှုဖြစ်ခဲ့ပြီး ပိတ်မိခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေဘက်က  ရဲဘော် Jade နဲ့ စစ်ကြောင်းမှူးတို့ကို ကယ်ထုတ်ချိန် ရဲဘော် Jade ကျဆုံးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ထိတွေ့မှုဖြစ်ပွားပြီး အဲ့ဒီစစ်ကြောင်းကတော့ သူတို့ထွက်လာတဲ့ ညောင်ဖြူပင်ရဲစန်းထဲကို ပြန်ဝင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄၊ နဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Monywa Commando Force၊ တပ်ရင်း ၅၊ တပ်ရင်း ၉၊ တပ်ရင်း ၁၃၊ တပ်ရင်း ၂၅၊ Special Guerilla Force - Monywa S.G.F ၊ စေတန် ညောင်ဖြူပင် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း ညောင်ဖြူပင်ရဲစခန်းက ကင်းပတ်ရန်ထွက်လာတဲ့ စစ်အုပ်စုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄ က ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာ #စစ်ကောင်စီ #နွေဦးတော်လှန်ရေး #တိုက်ခိုက်မှု #ပကဖ #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10