မုံရွာ၊ ဗောဓိတထောင်ဘုရားအနီးမှာ ရဲ ၂ ဦး ပစ်သတ်ခံရ

မုံရွာ၊ ဗောဓိတထောင်ဘုရားအနီးမှာ ရဲ ၂ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အရှေ့တောင်ဘက်၊ ခတ္တက္ကန်ကျေးရွာမှာရှိတဲ့ ဗောဓိတထောင်ဘုရားအနီးမှာ ရဲ ၂ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၇ ရက်ဒီမနက် ၈ နာရီကျော်က ရပ်တော်မူဘုရားအနီး ရုပ်သံလွှင့်ရုံမှာတာဝန်ကျနေတဲ့ ရဲ ၂ ဦးက ဘုရားကြီးအနောက်ဘက် ရေကန်ကိုသွားချိန် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

"ဘုရားနားမှာ ဘုန်းကြီးကျောင်းရှိတယ်။ အဲ့အနောက်ဘက်မှာ ရဲတွေက ရေခပ်ရေချိုးတာလုပ်နေချိန် ပစ်ခံရတာလို့တော့ သိရတယ်။ အလောင်းတွေကိုတော့ ရဲတွေဘက်က လာစစ်ပြီးသယ်သွားတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲ ၂ ဦးဟာ နေရာတင် သေဆုံးသွားပြီး သူတို့နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။ 

ရဲတွေပစ်ခတ်ခံရပြီးနောက်မှာလည်း ဘုရားအနီးမှာရှိတဲ့ ရဲနဲ့စစ်ကောင်စီအဖွဲ့တွေက တောစပ်ဘက်ကို ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်သားနဲ့ ရဲတွေဟာ အဆိုပါအသံလွှင့်ရုံမှာ ၂၀၂၂ ကတည်းက တပ်စွဲနေတာဖြစ်ပြီး အင်အား ၅၀ ဝန်းကျင်လောက်ရှိတယ်လို့ ဆိုပါတယ်။ 

ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့ကလုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

၂၀၂၃ နိုဝင်ဘာ ၂၄ ရက်ကလည်း မုံရွာမြို့နယ်၊ ဗောဓိတထောင်ဘုရားအနီး ကျောက်ကြီးတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ရဲ #သေဆုံး #ပစ်သတ်ခံရ #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10