သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
(မြေလတ်အသံသတင်းဌာနမှ ဇန်နဝါရီ ၆ ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအား ရုပ်သံဆောင်းပါးအဖြစ် ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်။)
စာရေးသူတယောက် ကျန်းမာရေးကိစ္စနဲ့ မန္တလေးမြို့ကို မဖြစ်မနေသွားရဖို့ဖြစ်လာတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား မကြာခဏတိုက်ပွဲဖြစ်လေ့ရှိတဲ့ မုံရွာ-မန္တလေးလမ်းပိုင်းကို အရဲစွန့်ပြီး ခရီးထွက်ခဲ့ရပါတယ်။
မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေက တော်လှန်ရေးအဖွဲ့တွေဘက်က ထောင်ထားတဲ့ မိုင်းတွေကို သေနတ်နဲ့ပစ်ဖောက်ပြီး ရှင်းလင်းနေတယ်လို့ သတင်းကြားရတာကြောင့် ခရီးမထွက်ခင် တရက်အလိုမှာ ကားဂိတ်ကိုဖုန်းဆက်ပြီး စုံစမ်းခဲ့ရပါသေးတယ်။
ကားဂိတ်က မနက်အစောဆုံးထွက်တဲ့ကားနဲ့လိုက်ရင် အခုလို မိုင်းရှင်းလင်းတာတွေနဲ့ကြုံရဖို့ ရာခိုင်နှုန်းနည်းတယ်လို့ ပြန်ပြောတာကြောင့် စာရေးသူကတော့ မနက်အစော ၆ နာရီကားနဲ့ မုံရွာကနေ မန္တလေးကိုသွားဖို့ စီစဉ်ခဲ့ပါတယ်။
ဆေးစာရွက်တွေနဲ့ လိုအပ်မယ့် မှတ်ပုံတင်တွေကို ထည့်၊ ကားသမားကိုစောင့်ရင်း မနက် ၆ နာရီ ၁၆ မိနစ်လောက်မှာတော့ ကားသမားက အိမ်တိုင်ရာရောက် လာကြိုတာကြောင့် ရင်တုန်ရင်းနဲ့ပဲ ခရီးစဥ်ကို စတင်ခဲ့ရပါတယ်။
ဆောင်းပါး - ခေတ်သဒ္ဒါ၊ တည်းဖြတ် - HP
#မြေလတ်အသံ
#မုံရွာ #မန္တလေး #မြင်းမူ #မိုင်း #ခရီးသည်
Share Share Share