မုံရွာမြို့နယ် ပလဖ စခန်းခွဲ ၁ ခု တိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုရှိ

မုံရွာမြို့နယ် ပလဖ စခန်းခွဲ ၁ ခု တိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်အနီးရှိ မုံရွာမြို့နယ်ပြည်သူ့လုံခြုံ‌ရေးအဖွဲ့ စခန်းခွဲ ၁ ခု တိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ နှစ်ဖက်သေဆုံးမှုရှိခဲ့တယ်လို့  မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်သူဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ဒီမနက် ၃ နာရီခွဲ လောက်မှာ မုံရွာမြို့ထဲကနေလာတဲ့ စစ်ကြောင်းနဲ့ တောင်မတောရွာဘက်ကလာတဲ့ စစ်ကောင်စီအင်အား ၆၀ ခန့်ဟာ ညောင်ပင်ရွာသစ်အနီးရှိ ပလဖ စခန်းခွဲတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စကစဘက်က သတင်းရသွားလို့ လာဝိုင်းတာနေမယ်။ တိုက်ပွဲဖြစ်နေချိန် ကျနော်တို့ဘက်ကလည်း ပြန်ပြီး ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ချိန် စကစဘက်က လေကြောင်းပစ်ကူပေးပြီး သူ့လူတွေ ပြန်ဆုတ်နိုင်အောင် လုပ်ပေးသွားတယ်"လို့  မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်သူက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ပလဖ ရဲဘော် ၂ ဦးသေဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း သေဆုံးထိခိုက်သူတွေရှိနိုင်ပေမယ့် လေကြောင်းပစ်ကူကြောင့် အတည်ပြုဖို့ ခက်သွားတယ်လို့ ဆိုပါတယ်။

သေဆုံးရဲဘော်တွေနဲ့ပတ်သက်တဲ့ အမည်နဲ့အချက်အလက်တွေကိုတော့ ကျန်မိသားစုတွေရဲ့ လုံခြုံရေးအရ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။ 

တိုက်ပွဲကြောင့် တောင်မတောရွာနဲ့ ညောင်ပင်ရွာသစ်ရှိ ပြည်သူ ၅၀၀ ကျော်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီစစ်ကြောင်းကတော့ မုံရွာဘက်ကို ပြန်ထွက်သွားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်သူက ပြောပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ပလဖစခန်း #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10