သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်၊ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ရန်ကင်းမီးပွိုင့်အနီးမှာ လုံခြုံရေးလုပ်နေတဲ့ စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာလ ၁၄ ရက် မနေ့ မနက် ၇ နာရီခန့်မှာ ရန်ကင်းမီးပွိုင့်မှာရှိနေတဲ့ ရဲအဖွဲ့တွေနဲ့ မီးပွိုင့်နဲ့ကိုက် ၂၀၀ ခန့်အကွာရှိ ရန်ကင်းဘုန်းကြီးကျောင်းထဲက စစ်ကောင်စီတပ်အင်အား ၁၀ ဦးခန့်တို့ကို အရပ်ဝတ်နဲ့လက်နက်ကိုင်အဖွဲ့တခုက တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
" ရန်ကင်းကျောင်းက စကစအားပေးကျောင်း။ မီးပွိုင့်နဲ့ကျောင်းနဲ့ ကပ်လျက်ပဲ။ တဘရိတ်ထဲလူစုခွဲပြီး ဝင်ပစ်တာ။"လို့ မုံရွာမြို့ခံတဦးက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကိုပြုလုပ်ခဲ့တဲ့ မုံရွာမြို့နယ်ပလဖအဖွဲ့က ကျောက္ကာလမ်းမ ရန်ကင်းမီးပွိုင့်အနီး လုံခြုံရေးယူနေတဲ့ ရဲ ၂ ဦးအား သုတ်သင်ရှင်းလင်းခဲ့ရာ ရဲဒုအရာခံဗိုလ် ၁ ဦး၊ ရဲတပ်သား ၁ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး G3 ၁ လက်ကိုရရှိခဲ့တယ်လို့ နိုဝင်ဘာလ ၁၅ ရက် သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရန်ကင်းဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့က ပစ်ကူပေးချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင် ၄ ဦးကိုလည်း အောင်မြင်စွာထပ်မံရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒေသခံတွေဘက်ကတော့ ပစ်ခတ်မှုကြောင့် မီးပွိုင့်အနီးက ရဲ ၂ ဦး သေဆုံးကြောင်းအတည်ပြုထားပြီး ဘုန်းကြီးကျောင်းအတွင်းပစ်ခတ်မှုကြောင့် သေဆုံးတဲ့အခြေအနေတွေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံရွာမြို့နယ်ပလဖတာဝန်ခံထံ မြေလတ်အသံက ဆက်သွယ်မေးမြန်းပေမယ့် လတ်တလောမှာ မဖြေကြားနိုင်သေးဘူးလို့ ဆိုပါတယ်။
စစ်ဆင်ရေးကို မုံရွာမြို့နယ်ပလဖနဲ့ Kaung Kin Local PDF(ဒီပဲယင်းမြို့နယ်)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုအပြီး ရန်ကင်းဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်သားအင်အား ၁၀ ဦးကျော် ထပ်မံအင်အားတိုးချလာသလို မြို့တွင်းမြို့ပြင်စစ်ဆေးမှုတွေကိုလည်း ပိုမိုတင်းကျပ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ ညနေမှာလည်း မုံရွာမြို့ပေါ်မှာ တန်ဆောင်တိုင်မီးထွန်းပွဲပြုလုပ်ဖို့ စစ်ကောင်စီအဖွဲ့က စီစဥ်နေပြီး စစ်ကောင်စီနဲ့ရဲအဖွဲ့တွေကို လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေးချထားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၈ ရက် မနက်ပိုင်းကလည်း မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်အနီးမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေပြီး ၄ ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဗိုလ်ရှူသဘင် စစ်ရေးပြလေ့ကျင့်နေတဲ့ စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့ဝင်များ။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #မီးပွိုင့် #ရဲ #စစ်သား #သေဆုံး
Share Share Share