မုံရွာမြို့ပေါ်မှာ ပြန်ပေးဆွဲပစ်ခတ်ခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး

မုံရွာမြို့ပေါ်မှာ ပြန်ပေးဆွဲပစ်ခတ်ခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ မကျီးပင်စျေးအနီးမှာ အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

ဒီဇင်ဘာ ၂၆ ရက်မနက် ၇ နာရီခန့်မှာ သံတိုသံစရောင်းဝယ်လုပ်ငန်းလုပ်သူ ဒေါ်ရွှေဝါရဲ့နေအိမ်ထဲကို လူ ၃ ဦးရောက်လာပြီး ဒေါ်ရွှေဝါရဲ့သမီးဖြစ်သူ အသက် ၃၀ နှစ်အရွယ် မမိုးမိုးစံ ကိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

"သေသူအမျိုးသမီးက အိမ်ထဲကနေ ကားထုတ်တုန်းမှာပြန်ပေးဆွဲတာလို့ပြောတယ်။ လူခေါ်တာမှာ လူကမလိုက်လို့ သေနတ်နဲ့ လေးချက်ပစ်သတ်ထားခဲ့တာ။” လို့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။

ပစ်ခတ်မှုကြောင့် မမိုးမိုးစံဟာ နေရာတင်သေဆုံးခဲ့ကာ သူပိုင်ဆိုင်တဲ့ wish အမျိုးအစားအဖြူရောင်ကားကိုလည်း ပစ်ခတ်ခဲ့သူတွေက ယူပြီးမောင်းပြေးသွားတယ်လို့ သိရပါတယ်။

လုယူသွားတဲ့ကားကိုတော့ မုံရွာမြို့၊ အက်တောရပ်ကွက်၊ ကန်သာဘုန်းကြီးကျောင်းအရှေ့ဘက် ကွန်ကရစ်လမ်းပေါ်မှာ နေ့လယ် ၁ နာရီခန့်ကပြန်တွေ့ခဲ့ပြီး လူတွေကတော့လွတ်နေသေးတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

မမိုးမိုးစံရဲ့အလောင်းကိုတော့ ဒေသခံတွေက မုံရွာပြည်သူ့ဆေးရုံကိုပို့ဆောင်ထားကာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်တွေက မုံရွာမြို့ပေါ်မှာ လမ်းပိတ်ရှာဖွေတာတွေ ပြုလုပ်နေပေမယ့် ဖမ်းမိတာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။ 

စက်တင်ဘာ ၂၆ ရက်ကလည်း မုံရွာမြို့၊ မြဝတီရပ်ကွက်၊ မေတ္တာလမ်းသွယ် ၁ ရှိ နဝရတ်ရွှေဆိုင် ဓားပြတိုက်ခံရပြီး စိန်နဲ့ရွှေထည်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ပစ်ခတ်ခံရလို့ သေဆုံးခဲ့သည့် မမိုးမိုးစံ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #အမျိုးသမီး #ပြန်ပေးဆွဲ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10