မုံရွာမြို့ပေါ်မှာ မီးလောင်မှုဖြစ်ပြီး လူနေအိမ် ၁၅ လုံးပြာကျ

မုံရွာမြို့ပေါ်မှာ မီးလောင်မှုဖြစ်ပြီး လူနေအိမ် ၁၅ လုံးပြာကျ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ဇူလိုင် ၉ ရက် ယမန်နေ့ည ၁၀ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၁၅ လုံးပြာကျပျက်စီးသွားတယ်လို့ သိရပါတယ်။

မုံရွာမြို့၊ ကမ်းနားလမ်းရှိ အေးသာယာရပ်ကွက်၊ ရွှေတိုက်စိုးသီးနှံပွဲရုံ နောက်ကျောလမ်းအတွင်းက နေအိမ်တွေမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

"ဘာကြောင့်လောင်တယ်ဆိုတာ မသိပါ။ မီးကတအားပြင်းတော့ အချိန်တော်တော်ကြာ ငြှိမ်းလိုက်ရတယ်။ အိမ်တွေကပြာကျသွားတော့ ဆုံးရှုံးမှုကတော့ များတာပေါ့"လို့ ကိုယ်တိုင်မီးငြှိမ်းပေးခဲ့တဲ့ မြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးလောင်နေချိန်အတွင်း ရပ်ကွက်နေပြည်သူတွေ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)နဲ့ မီးသတ်ကားတွေက မိနစ် ၃၀ကျော်အကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မုံရွာ #မီးလောင်မှု #လူနေအိမ် #ပျက်စီး #မီးသတ်တပ်ဖွဲ့ #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10