သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာဦးရပ်ကွက် အနောက်ဘက်၊ မြို့သစ်ပိုင်း၊ ပြည်ထောင်စုလမ်းပေါ်မှာ လူငယ် ၃ ဦးစီးလာတဲ့ ဆိုင်ကယ်ပစ်ခံရလို့ ၁ ဦးသေ၊ ၁ ဦးဖမ်းခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇွန်လ ၂၇ ရက် မနက် ၇ နာရီကျော်ခန့်မှာ စစ်ကောင်စီလှည့်ကင်းနဲ့ လူငယ် ၃ ဦးစီးလာတဲ့ ဆိုင်ကယ်တိုးပြီး စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"စကစဘက်က သတင်းရလို့ စောင့်ပစ်တာနဲတူတယ်။ ဆိုင်ကယ်ကတော့ နေရာမှာပဲ လဲသွားတာ။ ဖြစ်တဲ့နေရာမှာ ကောင်လေးတယောက်က သေသွားတာ။ တယောက်ကိုလည်း စကစ က ဖမ်းခေါ်သွားတယ်။ တယောက်ကတော့ လွတ်သွားတယ်" လို့ ဒေသခံတဦး က ပြောပါတယ်။
စစ်ကောင်စီဘက်က ပစ်ခတ်ဖမ်းဆီးခံရသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘဲ ဖမ်းမိတဲ့ တယောက်ကိုတော့ စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ခေါ်ဆောင်သွားကြတယ်လို့ ပြောပါတယ်။
သေဆုံးသူနဲ့ဖမ်းဆီးခံရသူ လူငယ် ၂ ဦးဟာ အသက် ၁၈ နှစ်မှ ၂၀ ကျော် လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၉ ရက်က မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ မြို့တော်ခန်းမအနီးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်လို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ - လူငယ် ၃ ဦး စီးလာသည့်ဆိုင်ကယ်အား ပစ်ခတ်ခံရပြီးနောက် တွေ့ရပုံ။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #ပစ်ခတ်ဖမ်းဆီး #လူငယ် #သေဆုံး
Share Share Share