မုံရွာမြို့ပေါ်မှာ အမျိုးသား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မုံရွာမြို့ပေါ်မှာ အမျိုးသား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ဇွန်လ ၂၁ ရက် မနက် ၁၀ နာရီကျော်လောက်က အမျိုးသားတဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦးဖြစ်ပြီး၊ သူဟာ မိသားစုနဲ့အတူ မြဝတီရပ်ကွက်၊ သီတာလမ်း အိမ်ငှားတန်းမှာ နေထိုင်သူဖြစ်ကာ သူရဲ့နေအိမ်မှာပဲ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ 

"သူ့မှာ မယားနဲ့လသားအရွယ် ကလေးတယောက်ရှိတယ်။ သူတို့က အိမ်ငှားနေတာ သိပ်မကြာသေးဘူးလို့ သိရတယ်။ သူသေနတ်ပစ်ခံရတဲ့နေ့က အိမ်မှာ မယားနဲ့ ကလေးကလည်း ရှိတယ်လို့သိရတယ်" လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

အဲဒီလိုပစ်ခတ်သေဆုံးခဲ့ပြီးနောက် သူ့ရဲ့ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတွေက မုံရွာမြို့၊ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာတော့ ကိုနှင်းဆီ (၂၀) နှစ်က သူ့ရဲ့နေအိမ်ထဲရှိနေချိန် ဆိုင်ကယ် ၁ စီးနဲ့ PDF အမျိုးသား ၂ ဦးက ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားခဲ့သွားခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

ဦးခေါင်းမှာ သေနတ်ဒဏ်ရာ ၄ ချက်နဲ့ သေဆုံးခဲ့နေတာဖြစ်ပြီး သူနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်နဲ့ ဘယ်အဖွဲ့အစည်းက ခုလိုပစ်ခတ်သွားလဲ ဆိုတာကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #အမျိုးသား #ပစ်သတ်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10