မုံရွာမြို့ပေါ်မှာ 7 July အထိမ်းအမှတ် သပိတ်လှုပ်ရှားမှုပြုလုပ်

မုံရွာမြို့ပေါ်မှာ 7 July အထိမ်းအမှတ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တနေရာမှာ အရပ်ဝတ် ဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးမှုတွေရှိနေတဲ့ကြားက ကျောင်းသားထုနဲ့ ပြည်သူတွေ ပူးပေါင်းပြီး 7 July နေ့ အထိမ်းအမှတ်အနေနဲ့ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မုံရွာသပိတ်အင်အားစု အဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ဇူလိုင်လ ၇ ရက် ဒီကနေ့ မနက် ၇ နာရီဝန်းကျင်က ခေတ်အဆက်ဆက် ကျောင်းသားထုအပေါ် ဖိနှိပ်သတ်ဖြတ်နေတာတွေလုပ်နေတဲ့ စစ်အာဏာရှင်ကို အလိုမရှိတဲ့အတွက် အာဏာရှင်ဆန့်ကျင်ကြောင်း သပိတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီနေ့ကတော့ ကျနော်တို့ ကျောင်းသားတွေကို သတ်ဖြတ်ပြီး တကသ အဆောက်အဦးကို ဖြိုခွင်းခံရတဲ့နေ့အဖြစ် မှတ်မှတ်ရရအနေနဲ့ထွက်ဖြစ်တာပါ၊ ဆက်လက်ပြီးတော့လည်း စစ်အာဏာရှင် ပြုတ်ကျသည်အထိ တိုက်ပွဲဝင် သွားမှာပါ" လို့ မုံရွာသပိတ်အင်အားစု အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဲဒီ သပိတ်လှုပ်ရှားမှုမှာ ဆေးနီရေတွေ ပက်ဖျန်းပြီး “7 ဂျူလိုင် စိတ်ဓာတ် ကိုင်စွဲ တိုက်ပွဲဝင်ကြ” ဆိုတဲ့ ဘန်နာကိုကိုင်ကာ ကြွေးကြော်သံတွေအော်ပြီး သပိတ်လှုပ်ရှားမှုကို ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။
 
စာတည်း - လင်းဇေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10