မုံရွာမြို့ အထက ၁ ကျောင်းအနီး စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ ပစ်ခံရပြီး ရဲ ၁ ဦးသေ ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလယ်ရပ်ကွက်က စစ်ကောင်စီတပ်ဂိတ်ကို ဒေသကာကွယ်ရေးတပ်တွေက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေပြီး ၂ ထိခိုက်ဒဏ်ရာရတယ်လို့ Golden Eagle Force- Monywa အဖွဲ့ဆီက သိရပါတယ်။

အထက ၁ ကျောင်းအနီး ရဲနဲ့ပျူစောထီး အင်အား ၁၅ ဦး အထိုင်ချတပ်စွဲထားတဲ့ဂိတ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဂိတ်က ၄၀ မမ ဗုံးသီးနဲ့ပစ်သလို လက်နက်ငယ်‌တွေနဲ့ပါ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို Golden Eagle Force - Monywa ၊ ၅/ဘခက်(မုံရွာ UG ပြောက်ကျားတပ်ဖွဲ့) နှင့် Ka Naung Min Thar Gyi(Monywa)တို့က  ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း မုံရွာမြို့အဝင် နတ်လူထိပ္ပန်ရပ်ကွက်ရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံစစ်သားတွေကို Golden Eagle Force- Monywa အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မုံရွာ #စစ်တပ်ဂိတ် #လက်ပစ်ဗုံး #ပစ်ခတ်တိုက်ခိုက် #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10