မုံရွာမြို့ ကညန ရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရ၂ ဦး သေဆုံး ဟု ဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ကညန ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူတွေ ဖေဖော်ဝါရီလ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက် ၂ ဦး သေဆုံးသွားတယ်လို့ Golden Eagle Force-Monywa-V2 ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။ ယင်းမာပင်စခန်းက စစ်သားတွေလို့ သိရပြီး ပျူစောထီး အပါ အင်အား ၁၅ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ မုံရွာမြို့က ကညနရုံးကို ကာကွယ်ရေးအဖွဲ့တွေက ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ခဲ့ပါတယ်။

"ပျူနဲ့စစ်ခွေးအင်အား ၁၅ ကောင်ချထားတယ်၊ ကညန ရုံးကိုပစ်တာမှာ စစ်ခွေး ၂ ကောင်ထိပြီး သေတယ်လို့ ကြားတယ်၊ စစ်ခွေး ၂ ကောင်သေပြီး သူတို့ဘက်က ၄၀ မမ တွေ လက်နက်ငယ်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်” လို့ ဗိုလ်လင်းယုန်က ဆက်ပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်‌သေးပါဘူး။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ သူတို့တပ်စွဲနေတဲ့ အနီးဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ မြေပြင်သတင်းတွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Golden Eagle Force-Monywa-V2 ၊ Springs Dove ၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့ ၊ Chindwin Toe Na Yar PDF ၊ Real Hero ၊သေမင်းတမန် ပြောက်ကြားအဖွဲ့ နှင့် 5/UG Task Force မြေအောက်တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက် ည ၈ နာရီကလည်းမုံရွာမြို့ အမြင့်လမ်းထိပ် လဝကရုံးဟောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို Golden Eagle Force-Monywa-V2 အဖွဲ့က ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့‌ပါသေးတယ်။

 တည်းဖြတ် -ခင်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10