မုံရွာမြို့ လဝက ရုံးဟောင်းက စစ်သားတွေ တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာရ( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အမြင့်လမ်းထိပ်က လဝကရုံးဟောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရတယ်လို့ Golden Eagle Force - Monywa အဖွဲ့ဆီက သိရပါတယ်။

မေလ ၈ ရက် ဒီကနေ့နေ့လယ် ၁၂ နာရီဝန်းကျင်မှာ လဝကရုံးဟောင်းအတွင်း တပ်စွဲနေတဲ့ စကစစစ်သား ၁၀ ဦးကို ကားနဲ့ အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


"ကျနော်တို့ ကားနဲ့ သေနတ် ၄ လက်တင်ပြီး သူတို့ရဲ့ခြံဝန်းဘေးကနေ ကပ်ပြီးပစ်ခတ်ခဲ့တာ။ထိခိုက်သေဆုံးတာက နေရာတင်မှာပဲ တကောင်က သေဆုံးသွားတယ်။ ၁ ကောင်ကတော့ လက်ထိမှန်ဒဏ်ရာနဲ့ပဲ မုံရွာဆေးရုံရောက်သွားတယ်" လို့ ဗိုလ်လင်းယုန်က ပြောပါတယ်။

ကားနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်နေတုန်းမှာ စစ်ကောင်စီဘက်က ပြန်လည်ပစ်နိုင်ခြင်းမရှိပဲ ရဲဘော်တွေရဲ့ကား ထွက်ခွာသွားပြီးမှ စစ်အုပ်စုဘက်က ရမ်းသမ်းပစ်ခတ်ကြတယ်လို့ ဆိုပါတယ်။

Golden Eagle Force-Monywa၊ ပုဏ္ဏက ပြောက်ကြားတပ်ဖွဲ့ နဲ့ Brothers Revolution Force-Monywa တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10