မုံရွာမြို့ Toll Gate က စစ်သားနဲ့ပျူစောထီးတွေ ပစ်ခံရလို့ သေဆုံးမှုရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် Toll Gate က အင်အား ၅၀ ကျော်ရှိတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို မေလ ၂၇ ရက် ညနေပိုင်းမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ Youth Revolution Attack Force အဖွဲ့ဆီက သိရပါတယ်။

မုံရွာမြို့အဝင် Toll Gate မှာ လမ်းသွားလမ်းလာပြည်သူတွေဆီက ငွေတောင်းနေတဲ့ စစ်အုပ်စုကို မေလ ၂၇ ရက် ညနေ ၆ နာရီခွဲကနေ ၇ နာရီအထိ မဟာမိတ်တပ်ပေါင်းစု ရဲဘော်တွေ အင်အား ၃၀ ကျော် ပူးပေါင်းကာ ၃ ဖွဲ့ခွဲပြီး အော်တိုဂန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"ဘုန်းကြီးကျောင်းထဲက ထွက်လာတဲ့ ၂ ယောက်ကို လှမ်းပစ်တာမှာ အဲ့ဒီနေရာမှာတင် လဲကျသွားတယ်။ ကင်းပုန်းဝပ်တဲ့နေရာကနေ တက်လာတဲ့ကောင်ကို ကျနော်တို့ရဲ့နောက်ထပ်တဖွဲ့ကပစ်တာ အဲဒီအကောင်လည်းသေသွားတယ်။ လက်နက်တွေ ကောက်ဖို့ သူတို့ဘက်က အင်အားများလို့ပြန်ဆုတ်ခဲ့တယ်။ ပစ်ခတ်အချိန်က မိနစ် ၂၀ ကျော်ကျော်ကြာခဲ့တယ်" လို့ Youth Revolution Attack Force ရဲဘော်တဦးက ပြောပါတယ်။

အဲ့ဒီမုံရွာမြို့အဝင် Toll Gate မှာ ငွေတောင်းနေတဲ့ စစ်အုပ်စုဟာ တောပုရွာက ပျူစောထီးတွေနဲ့ နမခ က စစ်သားတွေဖြစ်ပြီး မြို့အဝင်နားက ဘုန်းကြီးမှာ တပ်စွဲနေတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီး တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင် နေထိုင်သူ ပြောပြချက်အရ စစ်ကောင်စီဘက်က ၁၁ ဦး သေဆုံးပြီး နောက်နေ့မနက် ၄ နာရီလောက်မှာ သံပြာကာ ကားနဲ့ မုံရွာဘက်ကို သယ်သွားတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Youth Revolution Attack Force ၊ Ronin Thirteen People's Defence Force (ဒေါင်းမင်းစစ်ကြောင်း အညာတပ်ခွဲ) ၊ Area 71 People's Defence Force၊ Monywa Special ဒိတ်ဒိတ်ကြဲ နှင့် မုံရွာခရိုင် တပ်ရင်း ၂၄ ခွဲ (၃)  ခွဲ (၄) မှ ရဲဘော်များ၊ ကျောက်ဆည်ခရိုင် တပ်ရင်း (၂) မှ ရဲဘော်များ၊ Delta Force တောင်သာ တို့က ပူးပေါင်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#မုံရွာတိုးဂိတ် #တိုက်ပွဲ #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10