မုံရွာမှာ စစ်တပ်ဆရာဝန် ဗိုလ်ကြီးကို PDF က ဖမ်းဆီးရမိ

မုံရွာမှာ စစ်တပ်ဆရာဝန် ဗိုလ်ကြီးကို PDF က ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဆရာဝန် ဗိုလ်ကြီး အောင်ဖြိုးသိန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ Black Falcon Guerrilla က ဒီကနေ့ စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ဗိုလ်ကြီး အောင်ဖြိုးသိန်း ၃၅ နှစ်ခန့်ကို စက်တင်ဘာ ၄ ရက်၊ မနက် ၇ နာရီကျော်မှာ သူနေထိုင်ရာ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်ကနေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

"အိမ်မှာသူနဲ့အတူ သူ့မယားရှိတယ်။ ကျနော်တို့က မယားကိုဘာမှမလုပ်ခဲ့ဘူး။ ဗိုလ်ကြီးကိုပဲ ဖမ်းခေါ် ခဲ့တာ" လို့  Black Falcon Guerrilla မှ ခေါင်းဆောင် ဒီမွန်က မြေလတ်အသံကို ပြောပါတယ်။

ဗိုလ်ကြီးအောင်ဖြိုးသိန်းကို ဖမ်းဆီးရမိစဉ်  ဟွန်ဒိုင်းအမျိုးစား အိမ်စီးကား ၁ စီး၊ လက်ကိုင်ဖုန်း ၂လုံး၊ လက်တော့ ၁လုံးတို့နဲ့အတူ  စစ်ဆရာဝန်ဗိုလ်ကြီးဖြစ်ကြောင်း စစ်တပ်စိစစ်ရေးကတ်နဲ့ မှတ်ပုံတင်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကိုဒီမွန်ကပြောပါတယ်။

သိမ်းဆည်းရရှိတဲ့ စိစစ်ရေးကတ်အချက်အလက်တွေအရ ဗိုလ်ကြီးအဆင့်ရှိ ဆေးတပ်ဆရာဝန်တဦး ဖြစ်ကြောင်းတွေ့ရှိရပြီး နမခအတွင်းရှိ တပ်ဆေးခန်းတခုမှာ တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့လည်း ဗိုလ်ကြီးအောင်ဖြိုးသိန်းကိုယ်တိုင် ဝန်ခံထွက်ဆိုထားတယ်လို့ ဆိုပါတယ်။

ဗိုလ်ကြီး အောင်ဖြိုးသိန်းကို Black Falcon Guerrilla အဖွဲ့ရဲ့ရှေ့တန်းစစ်မြေပြင်မှာ ၂ ရက်ကြာထိန်းသိမ်းပြီးနောက် စက်တင်ဘာလ ၆ ရက်မှာ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ကြီး အောင်ဖြုးသိန်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက မုံရွာမြို့တမြို့လုံးကို ပိတ်ဆို့စစ်ဆေးတာ၊ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် အဖွဲ့ရဲ့လုံခြုံရေးအရ အခုလို နောက်ကျထုတ်ပြန်ရတာလို့လည်း PDF အဖွဲ့က ပြောပါတယ်။

စာတည်း - ရင်ငြိမ်း 

#မြေလတ်အသံ

#မုံရွာ #စစ်ဆေးဆရာဝန် #ဗိုလ်ကြီး #အရှင်ဖမ်းဆီးရမိ #PDF #သတင်း 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10