မုံရွာမှာ အရက်မူးပြီး နေအိမ်မီးရှို့ရာကနေ အိမ်ခြေ ၃၀ ကျော်မီးလောင်

မုံရွာမှာ အရက်မူးပြီး နေအိမ်မီးရှို့ရာကနေ အိမ်ခြေ ၃၀ ကျော်မီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်မှာ အမျိုးသားတဦးက အရက်မူးပြီး နေအိမ်မီးရှို့ရာမှ နေအိမ် ၃၀ ကျော်မီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၇ ရက် ဒီမနက် ၁ နာရီလောက်မှာ ထန်းတောရပ်ကွက်နေ ဦးကုလားဆိုသူဟာ သူနေထိုင်တဲ့နေအိမ်ကို မီးစရှို့ရာကနေ ဘေးချင်းကပ်နေအိမ်တွေကို ဆက်တိုက်မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

"သူက နေတာက တယောက်တည်း။ သူအိမ်ကလည်း ကျူထရံကာ နေအိမ်။ ခုလည်း သူ့အင်္ကျီကို မီးရှို့ပြီး အိမ်နံရံကို ကပ်ထားလိုက်တာ မီးလောင်ကုန်တာ"လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်တာကြောင့် သွပ်မိုး ထရံကာ၊ သွပ်မိုး အုတ်ကာ၊ သွပ်မိုး သစ်ကာ နေအိမ် ၃၁ လုံး မီးလောင်ပျက်စီးကာ တန်ဖိုး ကျပ်သိန်းရာချီဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာမြို့နယ်မီးသတ်၊ ခရိုင်မီးသတ်၊ အရန်မီးသတ်၊ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့တာကြောင့် မီးလောင်ပြီး ၂ နာရီကျော်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၁၀၀ ကျော်ရှိခဲ့ပြီး လက်ရှိမှာတော့ နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေနေအိမ်မှာ ယာယီနေထိုင်နေရတယ်လို့ ဆိုပါတယ်။

အခုနှစ် ဇွန်လ ၇ ရက် မနက် ၁၁ နာရီလောက်မှာလည်း မုံရွာမြို့၊  အေးသာယာရပ်ကွက်၊ ချင်းတွင်းကမ်းနားအနီး ၂ ထပ်နေအိမ်ရဲ့ အပေါ်ထပ်မှာ အင်ဗာတာကနေ ဘတ္ထရီအားသွင်းထားချိန် ဘတ္ထရီပေါက်ကွဲမှုဖြစ်ပြီး နံရံကို မီးကူးစက်ရာမှ မီးလောင်ပြီး နေအိမ် ၁၈ လုံး မီးလောင် ပျက်စီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #မီးလောင် #နေအိမ်ပျက်စီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10