မုံရွာမှာ စခန်းမှူးလိုက်လာတဲ့ကား ပစ်ခတ်ခံရလို့ စခန်းမှူးအပါ ၃ ဦးသေဆုံး

မုံရွာမှာ စခန်းမှူးလိုက်လာတဲ့ကား ပစ်ခတ်ခံရလို့ စခန်းမှူးအပါ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အမှတ် ၂ ရဲစခန်းက စခန်းမှူးနဲ့ရဲတပ်သားတွေလိုက်ပါလာတဲ့ကား ဒီဇင်ဘာလ ၂၆ ရက်ဒီမနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

စခန်းမှူးအပါအဝင် ၇ ဦးလိုက်လာတဲ့ကားကို မုံရွာမြို့၊ နန္ဒရပ်ကွက်၊ သမစိတ္တလမ်း၊ အင်ကြင်းခိုင်ဟိုတယ်အနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စခန်းမှူးနဲ့ ရဲ ၂ ဦး နေရာတင်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း(၇) - Lightning People Defence Force တာဝန်ခံကပြောပါတယ်။

“မုံရွာမြို့ပေါ်က နန္ဒဝန်ရပ်ကွက်၊ အင်းကြင်းခိုင်ဟိုတယ်နားက ပစ်တိုင်းထောင်ကွမ်းယာဆိုင်ရှေ့မှာ ကွမ်းယာဝယ်ကြတာ၊ ကားပေါ်မှာအမှတ် ၂ စခန်းမှူးအပါအဝင် ၆ ယောက်နဲ့ စခန်းမှူးရဲ့မိန်းမလည်း ပါတယ်။ အဲဒီအမျိုးသမီးကလည်း ကွမ်းယာဆိုင်ဘေးမှာထိုင်စောင့်နေတာ။ သေတဲ့အထဲမှာ စခန်းမှူးတယောက်အပြင် သူ့ရဲ့ဘော်ဒီကပ် ၂ ယောက်ပါတယ်။ အောက်ကို ဆင်းပစ်တဲ့ ၂ ယောက်လည်းစုပ်ပြတ်နေပြီး သွေးအိုင်ထဲမှာပါ” လို့ ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်ချိန် ၂ မိနစ်ဝန်းကျင်သာကြာခဲ့ပြီး အဆိုပါရဲတွေဘက်က ကား ၂ စီးနဲ့အင်အားထပ်ရောက်လာလို့ ပြန်ဆုတ်ခွာလာခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၇) - Lightning People Defence Force၊ Black Falcon မြို့ပြပျောက်ကြားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးရဲဘော်တဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၁ ရက်ကလည်း မုံရွာမြို့နယ်၊ တောပုကျေးရွာအနောက်ဘက်ခြမ်းရှိ တောဝါကျောင်းအနီးမှာ ကင်းပုန်းဝတ်နေတဲ့ပျူစောထီးတွေကို မုံရွာခရိုင်တပ်ရင်း(၇) - Lightning People Defence Force အဖွဲ့က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10